မောင်တို့ ချယ်ရီမြေ သီချင်းအပါအဝင် နာမည်ကြီး သီချင်းတွေကို ပြန်လည်သီဆိုပြီးအခွေထွက်မယ့်အောင်အေးချစ်

0
188

အောင်အေးချစ်က ၂ဝ၁၉ ခုနှစ်မတ်လထဲမှာ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ထွက်ရှိမှာပဲဖြစ်ပါတယ်။ ဒီအခွေကတော့ အ ရင်ခေတ်ကအောင်မြင် ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုထားတာဖြစ်ပြီး အခွေရဲ့ Music Arrangement ကိုတော့ စန္ဒရားတင်ဝင်းလှိုင်က ပြု လုပ်ပေးထားပဲဖြစ်ပါတယ်။ အခွေထဲမှာတော့ နာမည်ကျော်ကြားခဲ့တဲ့တေးသီချင်းတွေ အများအပြားပါဝင်မှာဖြစ်ပြီး ဝင်းဦးနဲ့ ထားတို့သီဆိုထားတဲ့ မောင်တို့ချယ်ရီ မြေသီချင်းလည်းပါဝင်မှာ ဖြစ်ပါတယ်။ မောင်တို့ချယ်ရီမြေ သီချင်းကိုတော့ အောင်အေးချစ်ကချောစုခင်နဲ့အတူ ပြန်လည်သီဆိုထားပါတယ်။ အဆိုတော်ကြီးတွေ သီဆိုခဲ့တဲ့သီချင်းတွေကို ပြန်လည်သီဆိုတဲ့အခါမှာလည်း မူရင်းသီချင်းကိုမထိခိုက်ရလေအောင် အကောင်းဆုံး ကြိုးစားထားပါတယ်လို့ အောင်အေးချစ်က ပြောပြပါ တယ်။

”အဓိကတော့ သီချင်းအပေါ်ကို တန်ဖိုးထားပြီးဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့မူရင်း သီချင်းတွေရှိတာကိုး။ မူရင်းသီချင်း တွေကိုဖယ်ပြီးတော့ ဆိုလို့မရပါဘူး။ မူရင်းသီချင်းတွေကိုလည်း ပုံစံချိုးပြီးတော့ ဆိုလို့မရပါဘူး။ ကျွန်တော်တို့ကကျတော့ ကာလပေါ်ရေဒီယို သံစဉ်တွေကို ကိုယ့် အဖေတွေကိုယ့်ဦးလေးတွေကလည်း သီဆိုခဲ့တာဆိုတော့ ဆိုတဲ့ပုံစံကိုပြောင်းဆိုလို့ မရပါဘူး။အရင်သီချင်းပုံစံ အတိုင်းကိုပဲ အောင်အေးချစ်ရဲ့အသံနဲ့ပဲသီ ဆိုထားတာပါ။ တီးတာကလည်း ဦးလေးဦးတင်ဝင်းလှိုင်က တီးထားတဲ့အတွက် ပြောစရာလိုတော့မယ် မထင်ပါဘူး။ဘာကြောင့်လည်းဆိုတော့ ဦးတင်ဝင်းလှိုင်တီးပြီဆိုတာနဲ့ လူကြီးတွေမကြိုက်စရာ မရှိပါဘူး။ ဒီသီချင်းတွေကလည်း သူကိုယ်တိုင်တီးခဲ့တယ်၊။ဘဘဦးဝင်းဦးနဲ့ သီချင်းတွေအများကြီး ဖန်တီးခဲ့တယ်။အဲဒီမှာဦးလေးက ဖြစ်သလိုဆိုခွင့်ကျွန်တော့် ကိုလုံးဝမပေးပါဘူး။

ရက်ကောဒင်းသွင်းပြီဆိုတာနဲ့ သူကဘေးမှာထိုင်ပြီးတော့ သူအကုန်လုံး လိုက်နားထောင်တယ်။ မှားနေရင် ချက်ချင်းပြောတယ်။သူက တအား တိကျတယ်။ ပိုဆိုးတာက ကျွန်တော်က သူ့ရဲ့ တူအရင်းဖြစ်တဲ့အတွက် ဒီသီချင်းတွေကိုဆိုရင်အမှားလုံးဝမခံပါဘူး။ အမှားမခံတော့ ကျွန်တော်ကတအားဂရုစိုက်ရပါတယ်။ အဓိက ကျွန်တော့် အဆိုလေးကိုပဲ နားထောင်ပေးကြပါ။ ဝေဖန်ပေးကြပါ။

ကျွန်တော်ကြိုးစားပြီး သီဆိုထားပါတယ်။ မူရင်းကိုလုံးဝမပျက်ဘဲနဲ့ လူကြီးတွေအနေနဲ့ သူတို့ဆယ်ကျော်သက်အ ရွယ်ကနားထောင်ခဲ့ရတဲ့သီချင်းမျိုးက သူတို့အသက် ၆ဝကျော်မှာ ပြန်နားထောင်တဲ့အခါမှာ ဘာတွေကွာသွားလဲပေါ့။ သူတို့ငယ်ငယ်ကခံစားချက်တွေကို ပြန်ရနိုင် မလားပေါ့။ အဲဒီလိုမျိုးလေးရရှိအောင်လို့လည်း သီဆိုထားပါတယ်” လို့အခွေနဲ့ပတ်သက်လို့ အောင်အေးချစ်ကပြောပါတယ်။အခွေမှာတော့ သီချင်းအားလုံး ၁၁ပုဒ် ပါဝင်မှာဖြစ်ပြီး အခွေရဲ့နာမည်ကိုတော့ သူ့ရဲ့အမေကရွေးချယ်ပေးမယ်လို့သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here