လက်ထပ်သွားတဲ့ ချစ်သူကို သံယောဇဉ် မကုန်တဲ့စကား ဆယ်လီနာဂိုမက်က ပြောဆို

0
215

မကြာခင်က လက်ထပ်သွားတဲ့ သူ့ချစ်သူဟောင်း ဂျပ်စတင် ဘီဘာနဲ့ပတ်သက်လို့ စိတ်ထဲမှာ တစ်ခုခု ထင်ကျန်နေတုန်းပဲလို့ ဆယ်လီ နာဂိုမက်က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးထားတာကို ဖတ်ရှုကြရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆယ်လီနာဂိုမက်ရဲ့ “Back To You” ဆိုတဲ့ နာမည်ကြီးသီချင်းက ချစ်သူဟောင်း ဂျပ်စတင်ဘီဘာကို အမြဲ တမ်းအမှတ်ရစေတယ်လို့ သူကပြောပါတယ်။

သူ့ရဲ့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အချစ်ဦးဂျပ်စတင်ဘီဘာ မင်္ဂလာ သတင်းဟာ သူ့စိတ်ကို လှည့်စားနေတုန်းပဲလို့ ပြောပါတယ်။ ဒါပေမဲ့ အမြဲဆုတောင်းပေးနေပါတယ်လို့လည်း ပြောဆိုပါတယ်။ အနာ ဂတ်မှာပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုဖြစ်လာပါစေလို့လည်း ဆုတောင်း ပေးထားကြောင်း သိရပါတယ်။

တကယ်တမ်းမှာတော့ ဂျပ်စ တင်ဘီဘာနဲ့ ဆယ်လီနာ တို့ လက်တွဲဖို့ သူတို့နှစ်ဦးမှာ အခွင့်အရေးတွေ အကြိမ်ကြိမ်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီ အခွင့်အရေးတွေကို မဆုပ်ကိုင်နိုင်ခဲ့ ဘူးလို့လည်း ဆယ်လီနာက ရင်ဖွင့်ပါ တယ်။

Ref:Hollywoodlife


LEAVE A REPLY

Please enter your comment!
Please enter your name here