စေ့စပ်ပြီး ငါးနှစ်အကြာ မှာ လက်ထပ်ထိမ်းမြားတော့မယ့်ပေါ်လီနာဂရက်စကီနဲ့ ဒပ်စတင်ဂျွန်ဆင်

0
126

လတ်တလောကာလမှာတော့ ပေါ့ပ်အဆိုတော်လည်း ဖြစ်၊ အမေရိ ကန်မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်တဲ့ ပေါ်လီနာဂရက်စကီနဲ့ ၂ဝ၁၆ ခုနှစ် ပီဂျီအေကမ္ဘာ့အဆင့်တစ် ချန်ပီယံ ဂေါါ်လဖာတစ်ဦးဖြစ်သူ ဒပ်စတင် ဂျွန်ဆင်တို့ရဲ့ မင်္ဂလာ သတင်းကို လာမယ့် ၂ဝ၁၉ မှာ ကြားရဖို့ ရှိတယ်လို့ သတင်းတွေမှာ ရေးသားနေကြပါတယ်။

မင်္ဂလာဆောင်တယ်ဆိုတဲ့ သတင်းဟာ မထူးခြားပေမယ့်၊ ထူး ခြားတာက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးပါ။ စတွေ့ကြပြီးတဲ့နောက် ၇ လ ကြာအောင် တွဲခဲ့ကြတယ်။ ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ စေ့စပ်လိုက်ကြတယ်။ နောက်တော့ ရေးဗားဂျုန်းနဲ့ တက် တမ်ဂရက်စကီဆိုတဲ့ ရင်သွေးလေး နှစ်ယောက်ရခဲ့တယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးက ဒီနေ့ထိတိုင် လက်မထပ်ကြ ရသေးပါဘူး။ ဒါကြောင့် ပရိသတ် တွေကတော့ သူတို့နှစ်ဦးကို ရွှေလက်တွဲမြဲစေချင်နေကြတာပါ။

ဒီဇင်ဘာလဆန်းပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ လာမယ့် ၂ဝ၁၉ မှာတော့ သူတို့နှစ်ဦးလက်ထပ်ထိမ်းမြားဖွယ်ရှိတယ်လို့ Hollywoodlife ရဲ့ စာမျက်နှာမှာ တရားဝင်ဖော်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပေါ်လီ နာက အသက် ၂၉ နှစ်အရွယ် ရှိနေ ပြီး ဒပ်စတင်ကတော့ ၃၄ နှစ်ရှိနေ ပါပြီ။ သူတို့မိသားစုအတူတကွ နေ ထိုင်လျက်ရှိကြကြောင်း သိရပါတယ်။

Ref:Hollywoodlife


LEAVE A REPLY

Please enter your comment!
Please enter your name here