Tomboyပုံစံ ပီပြင်ဖို့ဝတ်မှုံရွှေရည်ဘယ်လိုမျိုး လေ့လာခဲ့လဲ

0
281

ဒါရိုက်တာမီးပွား ရိုက်ကူးတဲ့ ‘ရန်သူ’ ရုပ်ရှင်ဇာတ်ကားမှာ ဝတ်မှုံ ရွှေရည်ကို အရင်လို ချော မောလှပ တဲ့ မင်းသမီးပုံစံပျောက်ပြီး အချစ် ကြီးတဲ့ ဆန်းကြယ်ဆိုတဲ့ ယောကျာ်းလျာ တစ်ယောက်လို ပရိသတ်တွေ မြင်တွေ့ကြ ရမှာပါ။ ဝတ်မှုံရွှေရည်က ဒီဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင် ဖို့အတွက် မရိုက်ကူးခင်ကတည်းက ကြိုတင်ပြီး ယောကျာ်းလျာတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ ဇာတ်ရုပ် ပီပြင်မှုရှိဖို့အတွက် ပြင်ဆင်ခဲ့ရပုံ တွေကို ဝတ်မှုံရွှေရည်က….

”ဇာတ်ကားရိုက်ကူးနေတုန်းက Tomboy စိတ်နဲ့သွားနေတာပေါ့။ အစကတော့ ဘယ်လိုလုပ်ရင်ကောင်း မလဲ ဒီမုဒ်ကို ဘယ်လိုထည့်ရမလဲပေါ့။ မရိုက်ကူးခင် တစ်လလောက်က တည်းက Tomboy တွေနဲ့တွေ့တယ်။ စကားပြောကြည့်တယ်။ သူတို့ရဲ့ပြောပုံဆိုပုံတွေ ဟန်ပန်အမူ အရာတွေ အကုန်လုံးကို ကစ်လေ့ လာတယ်။ Tomboy ကလည်း အမျိုးမျိုးရှိတယ်။ တစ်ယောက်နဲ့တစ် ယောက်မတူကြဘူး။ အများကြီးနဲ့ တွေ့ဖြစ်တယ်။ ငါလဲဘယ်လို Tomboy ပုံစံသရုပ်ဆောင်မလဲ ဆိုတာ စဉ်းစားပြီးတော့ သရုပ်ဆောင်ခဲ့တာပါ။ ရိုက်ကူးတုန်းကလည်း ဒီဇာတ်ကားထဲက ဇာတ်ရုပ်အတိုင်းပဲတောက်လျှောက်နေဖြစ်ပါတယ်” လို့ပြောပါတယ်။ ဝတ်မှုံရွှေရည်က နေမင်း၊ နေခြည်ဦးတို့နဲ့ ဒီဇာတ်ကားမှာ ပထမဦးဆုံး တွဲဖက်ရိုက်ကူးတာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေ အားလုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကျမှုတွေရှိတဲ့အတွက် ဇာတ်ကား ပိုကောင်းစေခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြင်ပလောက မှာတော့ ယောကျာ်းလျာပုံစံ ဖြစ်နေတဲ့သူတွေကို ဝေဖန်ကြသူတွေလည်း ရှိကြပါတယ်။ နေရာတိုင်းမှာ ဝေဖန်မှုတွေ ရှိနေမှာ ဖြစ်ပြီး LGBT တွေကို အားပေးပါတယ်လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်က…

”ကစ်က LGBT တွေကို အစကတည်းက အားပေးပါတယ်။ ပြောရရင် သူတို့လက်ပေါ်မှာပဲ ကြီးလာတာ။ ကစ်ဒီအနုပညာအလုပ် တွေ လုပ်ကတည်းက တစ်သွေးတည်း တစ်သားထဲတောင်ဖြစ်နေပြီ။ သူတို့တွေကို လေးလည်း လေးစား တယ်။ သူတို့ဆီက ပညာရတာတွေလည်းရှိတယ်။ ခွန်အားရတာတွေ လည်း ရှိတဲ့အတွက် အားပေးတယ်။ အဲဒါကြောင့် ဒီနေ့ပွဲကို Tomboy လေးတွေတောင် ခေါ်ထားသေးတယ်။ အများကြီးပဲ” လို့ ပြောပါတယ်။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က ကြော်ငြာတွေ ရိုက်ကူးနေသလို မန္တလေးမှာ လင်္ကာဒီပချစ်သူပြဇာတ် ကဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေလုပ်နေပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here