ရှင်ပင်နန်ကိုင်း ရန်အောင်မြင် စေတီတော်

0
250

စစ်ကိုင်းမြို့သည် နှစ်ပေါင်း ၇ဝဝ ကျော်ပြီဖြစ်သည့် ရှေးမြန်မာ မင်းများ ထီးနန်းစိုက်ရာမြို့ဖြစ်သည်။ ထို့အတူ ဘုရားပုထိုးစေတီများလည်း ခေတ်အဆက်ဆက်တည်ထား ကိုး ကွယ်ခဲ့သဖြင့် ဖူးမျှော်ကြည်ညိုရန် များစွာ ရှိလေသည်။ စစ်ကိုင်းမြို့ အရှေ့ဘက် ဧရာဝတီမြစ်ကမ်းအနီး နန်ကိုင်းတောင်ထိပ်တွင် Óဏ်တော် ၁၁၈ ပေရှိသော ရှင်ပင်နန်ကိုင်းရန် အောင်မြင်စေတီတော်မြတ် တည်ရှိ သည်။

စေတီတော်ကြီးကို သာသနာ သက္ကရာဇ် ၂၃၅ ခုနှစ်တွင် သီရိဓမ္မာ သောကမင်းကြီးက တည်ထားခဲ့သည် ဟု ဆိုလေသည်။ သက္ကရာဇ် ၄၂ဝ ခုနှစ်တွင် ပုဂံနရပတိစည်သူ မင်းကြီး ၏အမတ်ဖြစ်သူ ကြံသိုင်းက ပြုပြင် ခဲ့ပြီး ရှင်ပင်နန်ကိုင်းစေတီတော်ဟု ဘွဲ့တော်ထင်ရှားခဲ့ပြန်သည်။ ကြံ သိုင်းအမတ်ကြီးသည် စစ်ကိုင်း တောင်၌လည်း ဟံသာဂီရိတောင်ထိပ် ၌ ချမ်းသာရ၊ ချင်းသာကြီးစေတီများ လည်း တည်ထားခဲ့သည်ဟုသိရသည်။ သက္ကရာဇ် ၆၈၄ ခုနှစ်တွင် အသင်္ခရာ စောယွန်းမင်း၊ ၁ဝ၆၁ ခုနှစ်တွင် သီရိမဟာသီဟ သူရမဟာရာဇဘွဲ့ခံ စနေမင်းက ထပ်မံပြုပြင်ပြီး ထီးတော် တင်၍ ‘ရန်အောင်မြင်’ ဟူသောဘွဲ့ ကို သမုတ်ခဲ့သည်။

စေတီတော်ကြီးသည် သဘာဝ ဘေးဒဏ်နှင့် ငလျင်ဒဏ်များကို ခံခဲ့ ရပြီး နောက်ပိုင်းတွင် ထုံးဘိုသူကြီး ဦးကိုကြီးနှင့် ဗုဒ္ဓပူစရိယအဖွဲ့၊ အများ ပြည်သူတို့မှ ပြုပြင်ခဲ့ပြီး မန္တလေးမြို့မှ သူဌေးဦးတင်က ထီးတော်အသစ် တင် လှူခဲ့ကြောင်းသိရသည်။ သက္က ရာဇ် ၁၃၃၉ ခုနှစ်တွင် ဇမ္ဗူမင်္ဂလာ ကျောင်းဆရာတော် ဘဒ္ဒန္တဇနိန္ဒမှ ကြီးမှူး၍ တပည့်ဒါယကာ၊ ဒါယိ ကာမများမှ စုပေါင်း၍ ဘက်စုံပြုပြင် မှုများအား ယနေ့ထိ ဆောင်ရွက် လျက် ရှိလေသည်။ ရှင်ပင်နန်ကိုင်း ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လ ကွယ်နေ့၌ ကျင်းပသည်။

စေတီတော် ၏ အရှေ့ဘက်လိုဏ် အတွင်း၌ ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူရှိသည်။ သပ္ပါယ် လှပြီး သင်္ကန်းတော်မှာ သရိုးကိုင် ကြာသင်္ကန်းဖြစ်သည်။ လက်ရာ မြောက်ပြီး ဆုတောင်းပြည့်သည်ဟု အများက ယူဆကြလေသည်။ ဘုရား ပွဲတော်ရက်အတွင်း ဆွမ်းကြီးလောင်း လှူခြင်း၊ စာရေးတံမဲကပ်လှူခြင်း၊ အရက်တော်ဝန်အသင်းများက စေတီ တော်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်း၊ ခဲဖွယ်၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြသည်။ ရှင်ပင်နန်ကိုင်းတောင်ထိပ်တွင် စစ်ကိုင်းတောင်သီတဂူရေစစ်ကန် နှင့် ရေတင်စက်ရုံများ တည်ဆောက်ထားကြောင်းလည်း တွေ့ရ သည်။ သို့ပါ၌ သာယာ လှပသည့် ဧရာဝတီမြစ်ကမ်းနဘေးတွင် တည်ထားကိုးကွယ်ထားသည့် ရှင်ပင်နန်း ကိုင်းစေတီနှင့် ဗုဒ္ဓဆင်း တုတော်မြတ်အား စစ်ကိုင်းမြို့သို့ရောက်လာပါက ကျောက်ခင်း ကွန်ကရစ်လမ်း အတိုင်းကားဖြင့် တောင်ခြေတောင်ရင်းအထိ ရောက်ရှိအောင်သွား ပြီး ဖူးမျှော်ကြည်ညိုနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။

နိုင်ထွန်း (TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here