သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မြင်တွေ့ရဦးမယ့် ရန်သူရုပ်ရှင်ဇာတ်ကားအထူးပွဲပြသ

0
263

ရွှေစင်ဦးထုတ်လုပ်ရေးက စီစဉ်ပြီး ၀တ္ထုလွန်းထားထား၊ ဇာတ်ညွှန်းမိုးနီလွင်က ရေးသားထားတဲ့ ရန်သူရုပ်ရှင်ဇာတ်ကားကို အချစ်ဇာတ်လမ်းတွေ ပီပြင်စွာရိုက်ကူးခဲ့တဲ့ ဒါရိုက်တာမီးပွားက ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်ကားမှာ နေမင်း၊ ၀တ်မှုံရွှေရည် နဲ့ နေခြည်ဦးတို့ရဲ့ သုံးပွင့်ဆိုင် အချစ်အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး ရုံတင်မပြသခင်ကတည်းက ပရိသတ်တွေ အထူးစိတ်ဝင်စားနေကြတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ ရွှေစင်ဦးထုတ်လုပ်ရေးကတော့ သရုပ်ဆောင်နေမင်းရဲ့မိသားစု ထုတ်လုပ်ရေးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိထားတဲ့ ထုတ်လုပ်ရေးပဲဖြစ်ပါတယ်။ ဒီထုတ်လုပ်ရေးကနေမှ နေမင်းကို အရင်မြင်နေကျဇာတ်လမ်းတွေနဲ့မတူဘဲ ပရိသတ်တွေအမြင်တစ်မျိုးဆန်းအောင် အချစ်ဇာတ်ကား  ရိုက်ကူးပုံဖော်ခဲ့တာတွေ့ရပါတယ်။ နမူနာဇာတ်လမ်းတွေကြည့်ပြီး အွန်လိုင်းက ၀န်းရံနေကြတဲ့ပရိသတ်တွေကို လည်း ကျေးဇူးတင်မိတယ်ဆိုတဲ့ နေမင်းက…

“ရန်သူဇာတ်ကားကို စိတ်ဝင်တစားရှိတဲ့အတွက် ၀မ်းသာပါတယ်။ လာကြည့်တဲ့ ပရိသတ်တိုင်းအတွက် ကျေနပ်မှုတစ်ခုရှိပါလိမ့်မယ်။ တကယ်အကောင်းဆုံး ကြိုးစားထားကြတယ်။ ပရိသတ်အတွက် တခုခုကျန်ခဲ့လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ညီမျှတဲ့အရသာလဲ ရမှာပါ။ ရုံတင်တဲ့အခါ ပရိသတ်တွေ ဝေဖန်အကြံပြုပေးစေလိုပါတယ်။ ” လို့ပြောပါတယ်။ ရန်သူရုပ်ရှင်ဇာတ်ကားအထူးပွဲကို ဒီဇင်ဘာ ၆ရက်နေ့ မနက်၇နာရီခွဲက သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲပြသခဲ့ပြီး ဒီဇင်ဘာ ၁၄ရက်နေ့ဆိုရင် မြန်မာတနိုင်ငံလုံးကပရိသတ်တွေ ကြည့်ရှုအားပေးကြရတော့မှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here