ကိုယ်တိုင် ပရိုဂျုစာလုပ်ထားတဲ့ သဘင်မင်းသား ရဲမိုး ရဲ့ နှစ်ပါးသွား အခွေအကြောင်း

0
425

ရဲမိုးတို့ ဇာတ်ပွဲသဘင် နှစ်ပါး သွား DVD အခွေကို ဒီဇင်ဘာလ ၄ ရက်နေ့က စိန်ဌေးဗီဒီယိုမှ ဖြန့်ချိ လိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်ပါးအခွေ မှာတော့ မင်းသားရဲမိုးနဲ့အတူ ညီ အစ်ကိုမင်းသားတွေလည်း ပါဝင် ကပြတင်ဆက်ထားပါတယ်။ အခု လက်ရှိအချိန်မှာတော့ သဘင် လောကမှာ နှစ်ပါးသွားအခွေထွက်ရှိမှု က နည်းပါးသွားပြီလည်းဖြစ်ပါတယ်။ ဈေးကွက်အနေအထားအရကော ကုန်ကျစရိတ်တွေကြောင့်လည်း ဖြစ် ပါတယ်။ မင်းသားရဲမိုးကိုယ်တိုင် လည်း ဒီနှစ်ပါးသွားအခွေကိုထွက်ရှိနိုင်ဖို့ အခက်အခဲတွေအများကြီးရှိခဲ့ ပါတယ်။

”ဒီဘက်ခေတ်မှာကတော့ အဆင်မပြေနိုင်ဘူးဆိုတာ သိပါ တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ အနုပညာတွေ ကိုချပြချင်တာရယ် ကြောင့် ဘယ်လိုပဲ အခက်အခက်တွေ ကြုံကြုံ လုပ်ကြမယ်ဆိုပြီးတော့တိုင်ပင်ရင်းနဲ့ လုပ်ဖြစ်ကြတာပါ။ အခွေ စပြီး ရိုက်ကူးပြီဆိုကတည်းက စိန် ခေါ်မှုတွေကရှိပါတယ်။ အခွေက တစ်နှစ်ကြာလုပ်ခဲ့တာလေ။ အခုမှ ထွက်နိုင်တာပေါ့။ ဦးဝင်းကြည်တို့ စိန်ဌေးကို ကျေးဇူးတင်ရမှာပါ။ သူ တို့က ကျွန်တော့်ကို အစစအရာရာ ကူညီကြတယ်။ ရိုက်ကူးတဲ့အချိန်မှာ ကို မိုးရွာလိုက် မီးစက်ကပြက်လိုက် အသံတွေသွင်းရတာနဲ့ အစစအရာ ရာ အခက်အခဲရှိခဲ့ပါတယ်။ နှစ်ပါး သွားဆိုတာက တစ်ခြားအခွေတွေလို လည်း မဟုတ်ဘူးလေ” လို့ အခွေနဲ့ ပတ်သက်လို့ ရဲမိုးက ပြောပြပါတယ်။ နှစ်ပါးသွားအခွေကိုတော့ လူငယ်၊ လူကြီးပရိသတ်တွေအားလုံး ကြိုက် နှစ်သက်ကြစေမယ့် တင်ဆက်မှုပုံစံ မျိုးတွေနဲ့ ရိုက်ကူးထားပြီး မြူးမြူး ကြွကြွ ပုံစံလေးတွေကိုလည်း ကြည့် ရှုရမှာပါလို့ ပြောပါတယ်။

”ဇာတ်သဘင်အနုပညာတွေ အများကြီးမပါပေမယ့် ခေတ်အခြေ အနေနဲ့ လိုက်ပြီးတော့ ကျွန်တော်တို့ တင်ဆက်ထားပါတယ်။ နှစ်ပါးသွား မှာ သီချင်းအားလုံး ၉ ပုဒ် လောက်ပါ ပါတယ်။ အကောင်းဆုံးဖြစ်အောင် တင်ဆက်ထားပါတယ်။ ရင်လည်းခုန် ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး နှစ်ပါးသွားအခွေလည်းဖြစ်တော့ အခွေကို ကြည့်နေရင်းတောင် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြန် ကြည့်ပြီး ရှက်နေတယ်(ရယ်လျက်)။ ကျွန်တော့်ရဲ့ ဇာတ်သဘင်ပရိသတ် တွေတော့ ရှိတယ်လေ။ အားပေးကြ မယ်လို့လည်း မျှော်လင့်ပါတယ်။ အားပေးကြပါဦး”လို့ အခွေကိုအား ပေးကြဖို့ ရဲမိုးက ပြောပြပါတယ်။

နှစ်ပါးသွားအခွေကိုတော့ ကိုယ်တိုင် ပရိုဂျုစာလုပ်ပြီး ထုတ်လုပ် တာဖြစ်တဲ့အတွက် သူ့အတွက် ပို ရင်ခုန်စရာကောင်းပါတယ်လို့ ဆိုပြန် ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here