သမီးဖြစ်သူကို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်စေချင်သူငြိမ်းချမ်း

0
363

လူရွှင်တော်ငြိမ်းချမ်းပါလာရင် ရယ်မောပျော်ရွှင်ရတော့မယ်ဆိုပြီး ပရိသတ်တွေအနေနဲ့ ထင်ကြမှာပါ။ အဲဒီလို ထင်မှတ်ရလောက်အောင်လည်း လူရွှင်တော်ငြိမ်းချမ်းက သူ့ရဲ့ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော် ရွှင်စေခဲ့ပါတယ်။ သူ့ ရဲ့သမီးဖြစ်တဲ့ နေခြည်ငြိမ်းချမ်းက လည်း အနုပညာ လောကထဲမှာ နေရာတစ်နေရာရရှိထားတဲ့ သဘင်မင်းသမီးတစ်ဦးပဲဖြစ်ပါ တယ်။ သူကသဘင်ပိုင်းကိုပဲဝါသနာပါပြီး ရုပ်ရှင်ပိုင်းကို ဝါသနာမပါဘူးလို့ လည်း ဖခင်ဖြစ်သူဦးငြိမ်းချမ်းရဲ့ ပြောစကားအရသိရပါတယ်။

”သူ့ကိုတော့အဆိုရော၊ အကရော အနုပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အကုန်လုံးသင်ပေးထားပါတယ်။ သူ့ကိုလည်းအောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်စေချင်ပါတယ်။ သူလည်းအနုပညာ လောကထဲမှာ ထိုက်သင့် တဲ့ အောင်မြင်မှုတော့ရရှိထားပါတယ်။ ဒါပေမဲ့ တစ်ခုခက်တာကသူက ရုပ်ရှင် ဗီဒီယိုသိပ်ပြီးတော့ စိတ်မဝင်စားဘူး။ သိပ်သဘောမကျဘူး။ ပွဲကတာလောက် ပဲ စိတ်ဝင်စားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူဝါသနာပါတဲ့ အနုပညာအလုပ် လေးကို ဦးငြိမ်းချမ်းက သေချာသင်ထားပေးတဲ့အတွက် အဲဒီအပေါ်မှာလည်း ထိုက် သင့်တဲ့အတိုင်းအတာလေးနဲ့ သူ့ဘဝလေး ရပ်တည်လို့ ရနေတာလေးက ကောင်းပါတယ်။ အနုပညာနဲ့ပတ်သက်လို့ ခံယူရမယ့်စိတ်ကို ပြောပြထားပါ တယ်။ ပရိသတ်တွေကိုအနုပညာနဲ့ ဖျော်ဖြေကြရတဲ့ အတိုင်းအတာမျိုးမှာ ကိုယ်ဖျော်ဖြေတဲ့အတွက် ပရိသတ်တွေဆီကနေ အနုပညာကြေးဆိုတာ ပြန်ရ ကြတယ်။ ဒါ ကြောင့်ကြည့်ရှုတဲ့ ပရိသတ်တွေကို ကိုယ့်ရဲ့ထမင်းရှင်ဟင်းရှင် လို့ သတ်မှတ် ထားရမယ်။ ပရိသတ်တွေ အပေါ်မှာ အမြဲ စေတနာထားရမယ်။ ထမင်းစားတဲ့ အလုပ်အပေါ်မှာ တာဝန်ကျေရမယ်။ ဂရုစိုက်ရမယ်လို့ အမြဲသွန် သင်ဆုံးမပါတယ်” လို့ သမီးဖြစ်သူနဲ့ ပတ် သက်လို့ ဦးငြိမ်းချမ်းက ပြောပြပါ တယ်။

သူ့ကိုအားပေးသလို ချစ်ကြသလိုပဲ သမီးဖြစ်သူ ကိုလည်း အားပေးကြ ချစ် ကြပါဦးလို့ ပရိသတ်တွေကို တိုက်တွန်း စကားဆိုခဲ့ပါ သေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here