Snare အဖွဲ့ကနေ တစ်ယောက်ချင်းစီ အခွေထွက်လာကြတဲ့အခါ ဘာတွေပြောင်းလဲမလဲ ဖြိုးလေး(snare)

0
183


နေဝင်းရဲ့ ‘ဆွေမျိုးပါမေ့’တစ်ကိုယ်တော်အခွေပြီးတဲ့အခါ ဖြိုးလေးရဲ့ တစ်ကိုယ် တော် အခွေလည်းလာတော့မယ်။ နေဝင်းနဲ့ ဖြိုးလေးတို့ ၂ ယောက်ပေါင်းကှိုညမေန အဖွဲ့လို့ခေါ်တယ်။ အခုတစ်ယောက်ချင်း စီကျတော့လညှ်းညမေန ပါပဲတဲ့။ ဖြိုးလေး ဆိုလိုတာက အဖွဲ့ကွဲသွားခြင်း မရှိတာကိုပါ။

”ကျွန်တော် ၂ လခြားမယ်ပေါ့နော်။ အခွေရောင်းတာနဲ့ ဘာနဲ့ ပြင်ဆင်ရအောင် လို့ပေါ့။ ဘယ်သူအရင် ထွက်မလဲဆိုတော့ ကျွန်တော်က ၈ ပုဒ်လောက်ပဲ ပြီးသေး တယ်။ ဒီ ကောင်က ၁ဝ ပုဒ်လောက်ပြီးသွားပြီ။ အဲဒါဆိုရင်တော့ မင်းအရင်ထွက် လိုက်တော့။ ငါအေးအေးဆေးဆေးလုပ်လိုက်ဦးမယ်ဆိုပြီးတော့ လုပ်ဖြစ်သွားတာ။ အရမ်းလည်း မကွာဘူးပေါ့လေ။ တစ်ယောက်နဲ့ တစ်ယောက် ၂ လလောက်ပဲဆိုတော့” လို့ ဖြိုးလေးက ပြောပါတယ်။ Snare သီချင်းကို တောက် လျှောက်နားထောင် လာတဲ့ပရိသတ်တွေအတွက်ကတော့ တစ်ယောက်ချင်းစီရဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါလို့ဆိုတဲ့ ဖြိုးလေးက …

”အပူးနဲ့တုန်းက အပူးအရသာပေါ့။ တစ်ယောက်ချင်းကျ တော့ တစ်ယောက်ချင်းအရသာဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့သီချင်းတွေဆိုရင် ကျွန်တော်တို့က တိုင်ပင်ပြီး လုပ်ကြ တယ်။ သူကြိုက်တာရှိမယ်။ ကျွန်တော်ကြိုက်တာရှိမယ်။ နှစ် ယောက်တိုင်ပင်ပြီးလုပ်ကြတယ်။ ဒါပေမဲ့ ဒီအခွေမှာကျတော့ သူလည်း သူကြိုက်တာလုပ်။ ကျွန်တော်လည်း ကျွန်တော် ကြိုက်တာလုပ်။ ကျွန်တော်လည်း ဘာမှအကြံဝင်မပေးဘူး။ သူလည်း ကျွန်တော့်ကို အကြံဝင် မပေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့စိတ်ထဲမှာ တစ်ခါတလေ ၂ ယောက်လုပ်လို့မရတဲ့ သီချင်းတွေရှိတယ်။ ကျွန်တော်ဆို လို့ရှိရင် ကျွန်တော့်အခွေထဲမှာ ‘ဖယောင်းတိုင်’ ဆို တဲ့သီချင်းလေးပါတယ်။ အဲဒါ ကျွန်တော့်မိသားစုအကြောင်း၊ ကျွန်တော့် ဘဝအကြောင်းဆိုထားတာ။ ဒါပေမဲ့ သူ့ဘဝနဲ့ မတိုက်ဆိုင်ဘူးပေါ့။ အဲဒီ လိုအကြောင်းအရာလေးတွေ ခွဲပြီးတော့ လုပ်ထားတဲ့အတွက် တစ်ယောက်တည်းဆိုလို့ရတဲ့ သီချင်းတွေ၊ လုပ်ချင်ရာလုပ်ထားတဲ့ တစ်ယောက်ချင်းရဲ့ အကြိုက်ပုံစံလေး တွေတော့ကွဲပြားမှာပါ”လို့ ဖြိုးလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here