ကိုရီးယားနိုင်ငံရှိ LH ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရုံးခန်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Pyay Garden Office Tower မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနား ကျင်းပပြုလုပ်ဖြစ်ပုံနှင့်ပတ်သက်ပြီး LH ကုမ္ပဏီ၏ CEO ဖြစ်သူ မစ္စတာ ပတ်စန်ဝူးက ”မြန်မာနိုင်ငံကို ရွေးချယ်ပြီး ဖွင့်လှစ်ဖြစ်တာက မြန်မာနိုင်ငံက ပြည်သူတွေက ရင်းနှီးပြီး ဖော်ရွေတာကို ကျွန်တော်တွေ့ခဲ့ရတဲ့အတွက် ရွေးချယ်ဖြစ်တာပါ။ အခုလို လာရောက်ဖွင့်လှစ်ရတဲ့အတွက် မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးတိုးလာမယ်။ ကိုရီးယားနိုင်ငံက လုပ်ငန်းရှင်တွေလည်း မြန်မာနိုင်ငံမှာ အများကြီးလာရောက်ရင်းနှီးမြှုပ်နှံနိုင်အောင်ရည်ရွယ်တာပါ”လို့ ပြောပြခဲ့ပါတယ်။
အဆိုပါပွဲသို့ LH ကုမ္ပဏီ၏ CEO ဖြစ်သူ မစ္စတာ ပတ်စန်ဝူး၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရးမှူးချုပ် ဦးမင်းထိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ-ဇော်ဝင်းအောင်