အရင်​တုန်းက အနုပညာလောကနဲ့ အခုအနုပညာလောက ကအများကြီး ကွာခြားသွားပြီ တေးသံရှင် ဖြူသီ

0
371

အနုပညာလောကမှာ ယနေ့ အထိတိုင်​ ပရိသတ်​တွေ အခိုင်​အမာရရှိပြီး အားပေးနေဆဲ အဆိုတော်​ကြီးကတော့ အဆိုတော်​ ဖြူသီပါ။ ဖြူသီရဲ့အမွေကို ဆက်​ခံသူကတော့ သမီးဖြစ်​သူ မို့မို့ပါ။ ဖြူသီက အနုပညာအမွေကို ဆက်​ခံတဲ့ သမီးဖြစ်သူ မို့မို့ကို ဂီတနဲ့ပတ်​သက်​သော အမွေ တစ်​ခုထပ်​ပေးဖြစ်​ခဲ့ပုံနဲ့ ပတ်​သက်​ပြီး အခုလို ပြောပြခဲ့ပါတယ်​။

”အန်တီ က သူ့ကို ဂီတနဲ့ပတ်​သက်​ပြီး အမွေ ထပ်​ပေးချင်​တယ်​။ အရင်​တုန်းကပိုင်​တဲ့ စတူဒီယိုကို အန်​တီမို့မို့ကို အနုပညာအမွေအဖြစ်​ အန်​တီပေးလိုက်​တယ်​။ အန်​တီက အခုအသက်တွေ ကြီးလာတော့ သိပ်​ပြီး မ Run နိုင်​တော့ဘူး။ အန်​တီ့ရဲ့အမွေကို လက်​ခံတာက အန်​တီ့ သမီးမို့မို့ဆိုတော့ သူ့ကို အန်​တီက ဒီလုပ်​ငန်းကို လွှဲလိုက်​တယ်​။ မို့မိုရဲ့အမျိုးသားကလည်း အင်​ဂျင်​နီယာပဲဆိုတော့ မို့မို့နဲ့လက်​တွဲပြီးတော့ ဆက်​ပြီး Run  နိုင်​မယ်​ဆိုပြီး တော့ အန်​တီ စတူဒီယိုကြီးကို လွှဲပေးလိုက်​တယ်​။ သူ့ကိုပေးလိုက်​တော့ သူတို့ရဲ့ ဦးနှောက်​၊ သူတို့ရဲ့ အတွေးသစ်​၊ အမြင်​သစ်​နဲ့ ခေတ်​နဲ့ အညီလုပ်​သင့်​လုပ်​ထိုက်​တာတွေကို သူတို့လုပ်​တယ်​။ ဒီစတူဒီယိုက အခု စက်​တွေ လည်း အကုန်​ပြောင်းသွားပြီ။ အန်​တီတို့ခေတ်​က သုံးခဲ့တဲ့ စက်​တွေ၊ ဘာတွေကိုလည်း သူတို့က အခု Museum ပုံစံလေးလုပ်​ပြီး အကုန်​လုံးကို သိမ်းထားတယ်​။ အခုစက်​တွေ ဘာတွေလည်း သူတို့က အသစ်​တွေ အကုန်​လုံးသုံးထားကြတယ်​။ အခု ဒီ စတူဒီယိုသည်​ ဟိုးအရင်​က အဟောင်းနဲ့ ကွာခြားသွားပြီ။ အန်​တီ သူတို့ကို လွှဲပေးရကျိုးနပ်​တယ်​။ အန်​တီကျေနပ်​တယ်​”လို့ ပြောပြခဲ့ပါတယ်​။ အရင်​တုန်းက အနုပညာလောကနဲ့ အခုခေတ်​အနုပညာလောက ကွာခြားချက်ကို လည်း ဖြူသီက ”အန်​တီတို့ ခေတ်​တုန်းက အနုပညာက ဒီလောက် ထိ လူတွေ အရေးမပေးဘူး။ အနုပညာလိုင်းကို ဝင်​ရင်​ကို အထင်​နည်းနည်းသေးချင်​နေတယ်​။ အန်​တီတို့လည်း အဲဒီလိုဖြစ်​ခဲ့တယ်။ အနု ပညာလိုင်းကိုဝင်​ရင်​ပင်​ ပျက်​စီးလွယ်​တယ်​ဆိုပြီး လူတွေက အဲဒီလို ထင်​နေကြတယ်​။ အခုနောက်​ပိုင်းကျတော့ လူတွေက အဆိုတော်​ဆိုရင် ပင်​ တအားကို ချီးမြှောက်​စိတ်​ဝင်​စားနေကြတယ်။ လူတကာအချစ်​ခံရတယ်​။ စီးပွားရေးနဲ့ ပတ်​သက်​ရင်​လည်း အဆိုတော်​ ဘဝက တော်​တော်​အဆင်​ပြေတယ်​လို့ အန်​တီမြင်​တယ်။ အခုနောက်​ ပိုင်း အဆိုတော်​တွေရဲ့ဘဝက ဖြောင့်​ဖြူးနေတယ်​။ ခိုးကူးခွေတွေသာ မရှိရင်​ တော်​တော်​ကြီးကို အဆင်​ပြေမယ်​လို့ အန်​တီမြင်​တယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here