“Cele and Fashion”

0
436

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိသတ်တွေအတွက် အနုပညာရှင်တွေရဲ့ ဖက်ရှင်အပေါ် ပရိသတ်တွေ ဘယ်လိုမြင်ကြလဲ။ ကိုယ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်ရဲ့ ဖက်ရှင်ဒီဇိုင်းကို ပရိသတ်တွေက အတုယူဝတ်ဆင်ကြသလား ဆိုတဲ့အကြောင်းကို Cele and Fashion ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။

မရတနာအောင်
(Model and Dancer)
အနုပညာရှင် တော်တော်များများရဲ့ ဖက်ရှင်ကို သဘောကျပါတယ်။ မအူဝဲရဲ့ဖက်ရှင်ကို အရမ်းကြိုက်တယ်။ သူ့ရဲ့ဖက်ရှင်မျိုး သင့်တော်မယ့် ဖက်ရှင်ဆိုရင်ပေါ့။ အတုယူပြီး ဝတ်မိမှာပါ။ ခေတ်က အရမ်းကို တွင်ကျယ်လာတော့ ဖက်ရှင် ဒီဇိုင်းနာတွေလည်း များလာတယ်လေ တော်တော် များများက အနုပညာသမားတွေကိုပဲ ကြည့်ပြီး အားကျအတုယူကြတာဆို တော့ အနုပညာရှင်တွေ ကိုယ်တိုင်က ငါဒါလုပ်လိုက်ရင် လူတွေက ဘယ်လိုမြင်မလဲ ကိုယ့်ကိုယ်ကို အရင် ဝေဖန်သင့်တာပေါ့။မသင့် တော်တာ ဝတ်မိရင် အတုယူမှားမှာ စိုးလို့ပါ။ ကိုယ်က အနုပညာရှင် တစ်ယောက်ဆိုရင်တော့ ခေတ်နဲ့အညီလည်း ဝတ်ရမှာပေါ့။ ဒါပေမဲ့ လှလည်းလှရမယ်။ အရမ်းလည်း ကြည့်ရမဆိုးပဲ ရိုင်းတဲ့ ပုံစံမပါတာမျိုးပေါ့။ လူငယ်တစ်ယောက်အတွက် ဖက်ရှင်ဟာ အရမ်း အရေးပါပါတယ်။ နေရာဒေသကိုကြည့်ပြီး ဝတ်တတ်ဖို့ လိုပါတယ် ။ ဘုရားပေါ်တက်ပြီး အတိုအပြတ်ဝတ်နေလို့ အဆင်မပြေဘူးလေ။ မြန်မာဝတ်စုံလေး တွေလည်း ဝတ်လိုက်ရင် အရမ်းလှပြီး ကျက်သရေ ရှိပါတယ် ။ ပြီးတော့ ဖက်ရှင်ဆိုပြီး ထွင်လွန်းရင်လည်း မကောင်းဘူးလေ။ ကိုယ့် အတွက်သာ အဆင်ပြေချင်ပြေမယ်။ ဘေးလူတွေ အတွက်ကျ ဖရိုဖရဲ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ကြည့် ရ ဆိုးချင် ဆိုးမယ်။ ပြောချင် တာကလှပြီး ထူးခြားရမယ်။ ပတ်ဝန်းကျင်လည်း စိတ်ဝင်စားပြီး ကြည့်ရအဆင်ပြေမယ့် ဖက်ရှင်မျိုးဆို အဆင်ပြေ သဘောကျပါတယ်ရှင့်။

………………………………………………

မအိလှိုင်း
(Photo Model)
အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေကို သဘောကျလားဆိုရင် သဘောကျပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ ခုခေတ်က ဖက်ရှင်အပိုင်းတွေ အများကြီး ထွက်နေတာဆိုတော့ သူ့ဖက်ရှင်နဲ့ သူဆိုတော့ သဘောကျမိပါတယ်။

ဘယ်အနုပညာရှင်ရဲ့ ဖက်ရှင်ကို ကြိုက်လည်းဆိုရင် အဲဒီလိုခွဲထားတာတော့ မရှိပါဘူး။ အနုပညာရှင် တစ်ယောက်နဲ့ တစ်ယောက် ဖက်ရှင်တွေ မတူကျဘူးလေ။ အဲဒီတော့ တစ်ယောက်ဝတ်လည်း ကြိုက်တယ် နောက်တစ်ယောက်ဝတ်လည်း ကိုယ့်မျက်လုံးထဲလှပြီး ကြိုက်နေတာဆိုတော့ အကုန်ကြိုက်ပါတယ်။

အနုပညာရှင်တွေရဲ့ ဖက်ရှင်ကို အတုယူပြီး ဝတ်ဖို့ရှိလားဆိုတော့ အဲလိုတော့ မရှိဘူး။ ကိုယ့်ဖက်ရှင်နဲ့ကိုယ် ဝတ်ရတာ ကြိုက်တယ်။ သူ့အမြင် ကိုယ့်အမြင် မတူတာရယ်ကြောင့် အတုယူပြီး ဝတ်ဖို့မရှိဘူးရှင့်။ လတ်တလော ဟော့နေတဲ့ အနုပညာရှင်အချို့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုရင် ခေတ်နဲ့အမှီ ဝတ်ကျတာလည်း ဝတ်တာပေါ့နော်။ ဒါပေမဲ့ မြန်မာက မြန်မာ့ယဉ်ကျေးမှု့နဲ့ လာတာဆိုတော့ ဝတ်တာလေးတွေ ဆင်ခြင်သင့်တယ်လို့ပဲ မြင်တယ်။ ခုခေတ်လူငယ်တွေ ခုလိုဟော့နေတဲ့ ဖက်ရှင်တွေကို အတုမယူသင့်  မဝတ်သင့်ဘူးလို့ပဲ ပြောချင်ပါတယ်။ လူငယ်တွေအတွက်က ဖက်ရှင်ဆိုတာ အရေးပါဆုံးပဲ ထင်တယ်။ ခုခေတ်က လူငယ်တွေက သူ့ဖက်ရှင်နက်သူ ဒီဇိုင်းတွေထွင်ပြီး ဝတ်နေကျတာဆိုတော့ ပိုပြီး အဆင်ပြေလာတာပေါ့။ လူငယ် အချင်းချင်း ဝတ်စားဆင်ယင်မှု့ အပိုင်းကို သမီး အကြံပေးချင်တာကတော့ ခုခေတ်လူငယ်တွေ ဝတ်တာစားတာ အရမ်းချစ်စရာ ကောင်းပါတယ်။ လှကျတယ်။ အထာကျကြတယ်။ ဒါပေမဲ့ သူ့နေရာနဲ့ သူဝတ်စားပြီး ဝတ်တာစားတာကို အတုယူသင့်တဲ့ နေရာမှာယူ မယူသင့်တဲ့အရာတွေ မဝတ်ကျပါနဲ့လို့ အကြံပြုချင် ပါတယ်ရှင့်။

………………………………………………

မနန်းသီခိုင်
(Vocalists)
အနုပညာရှင်တွေ အားလုံးရဲ့ ဖက်ရှင်တိုင်း သဘောကျပါတယ်။ တစ်ယောက်တစ်မျိုး၊ ဖက်ရှင်တစ်မျိုးစီပေါ့။ အိန္ဒြာကျော်ဇင်ရဲ့ ဖက်ရှင်ကို ပိုကြိုက်တယ်။ ကိုယ်ကြိုက်တဲ့ မင်းသမီးဆိုတော့ အိန္ဒြာကျော်ဇင်ဝတ်တဲ့ ဖက်ရှင်လေးတွေ သဘောကျတယ်။ သူဝတ်တဲ့ပုံစံလေးတွေ အတုယူပြီး ဝတ်ချင်တယ်။ ကိုယ်တွေက ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတာ ပိုသဘောကျတယ်။ ဝတ်သင့်လား မဝတ်သင့်ဘူးလားဆိုတော့ ညီမအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဝတ်သင့်တယ်လို့လည်း မပြောဘူး။ မဝတ်သင့်ဘူးလို့လည်း မပြောဘူး။ ဒါသူတို့ကိုယ် သူတို့ယုံကြည်မှုရှိရှိနဲ့ ဖက်ရှင်ကျကျ ဝတ်နေကြတာပဲ။ အားလုံး ကိုယ့်ဖက်ရှင်နဲ့ ကိုယ်လှနေကြတာပဲ အသစ်ဆန်းတွေ ကြည့်ရတာပေါ့။ ကိုယ်က အနုပညာတစ်ယောက်ဆိုရင် ပေါ့ပေါ့ပါးပါး စမတ်ကျကျ Free Style လေးတွေဝတ်ရတာ ပိုသဘောကျတယ်။ လူငယ်၊ လူကြီး ဖက်ရှင် တစ်မျိုးစီပေါ့။ အရေးပါကြပါတယ်။ လူငယ်အချင်းချင်း ဝတ်စားဆင်ရင်မှုအပိုင်းကို အကြံပေးချင်တာကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကိုယ်နဲ့လိုက်ဖက်မဲ့ ဖက်ရှင်မျိုး လှအောင်ဝတ်ကျတာပဲ။ အကုန်လှတယ်။ အကုန် သဘောကျပါတယ်ရှင့်။

………………………………………………

ကိုနေဝင်းကို
(Professional Designer)
လူငယ်ပိုင်းအတွက် ဖက်ရှင်က ၅ဝ ရာခိုင်နှုန်း အရေးပါတယ်လို့ ထင်ပါတယ်။ လတ်တလော ဟော့ဖြစ်တဲ့ ဝတ်စုံကတော့ သင်ဇာ့ဝတ်စုံပေါ့ ဝတ်သင့်လား မဝတ်သင့်လား ဆိုတာကတော့ အစ်ကိုတို့က မြန်မာနိုင်ငံဆိုတော့ မြန်မာ့ယဉ်ကျေးမှုအရ မဝတ်သင့်ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနေတဲ့ ခေတ်ဆိုတော့ ဝတ်မိတာ အပြစ်တော့မဆိုလိုဘူး။ ရိုးတာနဲ့ ရိုင်းတာကတော့ အမြင်ချင်း မတူကျဘူးပေါ့။ လှတဲ့သူဝတ်တော့ လှတာပေါ့။

………………………………………………

မမေစုလှိုင်
(ဝန်ထမ်း)
အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေကို သဘောကျလားဆိုတော့ တော်တော်များများကို သဘောကျပါတယ်။ အနုပညာရှင်ဆိုတာကလည်း ခေတ်တစ်ခေတ် ဖက်ရှင်တစ်ခုကို ထူထောင်နိုင်တဲ့သူပဲလေ။ အစ်မတို့ငယ်ငယ်ကဆို ကျော်သူစတိုင်လ်တို့ မို့မို့မြင့်အောင် အတွန့်တို့ အင်္ကျီဖက်ရှင်တွေ ခေတ်စားတယ်လေ။ ခုဒီဘက်ခေတ်ကျတော့ အနုပညာရှင်တွေက ကိုယ်ပိုင်စတိုင်လ်တွေကို သိပ်ဦးစားမပေးတော့သလိုပဲ အသင့်ချုပ်ပြီးသားတွေပဲ အလွယ်ဝတ်ကြတယ်။ ဘရန်းကို ဝတ်နိုင်ရင်လည်း ဖက်ရှင်ဖြစ်ပြီလို့ ထင်နေကြပုံရတယ်လို့ အစ်မမြင်တယ်… ကိုယ်ခန္ဓာကိုယ်ကို ဖော်ကျူးနိုင်ရင်လည်း ဆက်ဆီကျတယ် ဖက်ရှင်လို့ မြင်နေပုံရတယ်။ အနုပညာရှင်တွေရဲ့ ပုံစံတွေကို အတုယူပြီး ဝတ်ဖို့ရှိလားဆိုတော့ ခုခေတ်ကလည်း အနုပညာရှင်နဲ့ အရပ်သူ ဆိုတာကလည်း အဝတ်စားမှာ သိပ်ပြီးကွာခြားမှု မရှိတော့ဘူးလေ။ အားလုံးက ချုပ်ပြီးသားတွေကိုပဲ အဆင်ပြေသလို ဝတ်နေကြတာပဲဆိုတော့ အစ်မအနေနဲ့နော်။ သိပ်ပြီးကြိုက်လို့ လိုက်ဝတ်ကြတယ်ဆိုတာမျိုး မတွေ့မိဘူးရယ်။ ပိတ်စ ဒီဇိုင်းတွေမှာသာ မင်းသမီးတွေနဲ့ ကြော်ငြာပြီး အူဝဲချိတ်တို့ ဘာတို့ဆိုတာမျိုး နာမည်တွေ ပေါ်ကြတာကို… အားလုံးက ကိုယ်နဲ့လိုက်ဖက်မယ် ထင်တာကိုပဲ ချုပ်ဝတ်ကြတာကိုး… ဒီဘက်ပိုင်းမှာတော့ ဘယ်သူ့ဖက်ရှင်ရယ်လို့ ပေါက်သွားတာမျိုး သိပ်မတွေ့မိဘူး။ အခုလတ်တလော အနုပညာရှင်တွေရဲ့ဖက်ရှင်ကို ဘယ်လိုမြင်လည်းဆိုတော့ သာမန်အရပ်သူ တစ်ယောက်က ပြီးစလွယ် ဝတ်စားပြီး သွားလိုက်ရင် ဘာမှမဖြစ်ပေမယ့် အနုပညာရှင် တစ်ယောက်ကတော့ အဲလိုလုပ်လို့ မရဘူးလေ။ သူတို့အတွက်က ပိုပြီးတာဝန်ယူရတာ များတယ်လေ။ အဲ့ဒါကြောင့် သူတို့ သေချာကို ပြင်ဆင်ပြီးမှ ဝတ်တယ်လို့မြင်တယ်… ဘယ်လိုပြောရမလည်း သူတို့ ပိုပြီးပေါ်ပြူလာဖြစ်အောင် လုပ်ရမှာ သူတို့အလုပ်ဆိုတော့ မဝေဖန်လိုဘူး။ အစ်မအနေနဲ့တော့ လှရင် ကြိုက်ပါတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here