အဆိုတော်​အသစ်​တွေကိုမွေးထုတ်​ပေးမယ့်​မို့မို့

0
708

ဝမ်းနည်းမှတ်​တမ်းဆိုတဲ့ သီချင်းခေါင်းစဉ်​ကြားလိုက်​တာနဲ့ ဒီသီချင်းကို သီဆိုထားတဲ့ အဆိုတော်​နှစ်​ယောက်​ကို ပရိသတ်​ကြီး မျက်​လုံးထဲ မြင်​မိကျမှာပါ။ သူတို့ကတော့ အဆိုတော်​ စိုင်းစိုင်းခမ်းလှိုင်​နဲ့ မို့မို့တို့ပဲ ဖြစ်​ပါတယ်​။ ဝမ်းနည်း မှတ်​တမ်း သီချင်းကို စိုင်းစိုင်းနဲ့အတူ ဖန်​တီးဖြစ်​ခဲ့တဲ့ အမှတ်​တရတွေကို မို့မို့က…

”ဝမ်းနည်းမှတ်​တမ်းမဆိုခင်​က အစ်မ ချစ်​သူသို့ဆိုတဲ့ သီချင်းခွေလေးထွက်တယ်​။ ဒါပေမဲ့ လူတွေ သိပ်​မသိကြဘူး။ အဲဒီအခွေကို စိုင်းစိုင်းက နားထောင်​မိပြီး အစ်​မအသံကို သူက သဘောကျတယ်​။ သူ့အခွေမှာ Featuring သီချင်းတစ်​ပုဒ်​လောက်​ ဆိုပေးပါဆိုပြီး အစ်​မ ကို လာပြောတယ်​။ အစ်​မကလည်း နိုင်​ငံခြားက ပြန်​လာကာစဆိုတော့ ဆိုပေးမယ်​ဆို ပြီးဆိုပေးလိုက်​တာ အဲဒီသီချင်းက တအားကို ပေါက်​သွားတယ်​။ အဲဒီ သီချင်းနဲ့စပြီး အစ်​မကို ပရိသတ်​တွေ ပိုသိ သွားကြတယ်​။ အဲဒါကတော့ အစ်​မဘဝရဲ့ အမှတ်​တရလေးပါပဲ” ဆိုပြီး ပြောပြခဲ့ပါတယ်​။

အဆိုတော်​ မို့မို့က အခုလတ်​တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ ရှိုးမှာဆိုခဲ့တဲ့ သီချင်း စုစုပေါင်း ၂၁ ပုဒ်​ပါဝင်​တဲ့ Production အခွေတစ်​ခွေကို တစ်​လနှစ်​လအတွင်း ထွက်​ဖြစ်​ဖို့ စီစဉ်​နေတယ်​လို့ ပြောပြပါတယ်​။ အိုအေစစ်​ စတူဒီ ယိုကို ဖွင့်​လှစ်​ထားပြီး ကိုယ်​ပိုင်​စတူဒီယိုအနေနဲ့ ကိုယ်​ပိုင်​ ဏမသိကခအငသညတွေ လုပ်​ဖို့ အစီအစဉ်​တွေ ရှိတယ်​။ ကိုယ့်​စတူဒီယိုကနေ အဆိုတော်​အသစ်​တွေကိုလည်း မွေးထုတ်​ပေးဖို့ အစီ အစဉ်​တွေလည်း ရှိတယ်​လို့ပြောပြပါ တယ်။ မိခင်​ဖြစ်​သူ တေးသံရှင် ဖြူသီ ကြောင့်​ အနုပညာလောကထဲကို ဝင်လာ ဖြစ်​တယ်ဆိုတာကို မို့မို့က….

”အမှန်​တိုင်း ပြော ရရင်​ အစ်​မကိုယ်​တိုင်​ အဆိုတော်​ကြီးဖြစ်လာချင်​ လွန်းလို့ ခက်​ခက်​ခဲခဲ ကြိုးစားလာရတာတော့ မဟုတ်​ဘူး။ မေမေက အစ်​မသီချင်းဆိုတယ်​ဆိုရင်​ ကျေနပ်​နေတာ။ အစ်​မသီချင်းဆိုနေရင်​သူကပြုံးနေတယ်​။ ဟိုဟာလို၊ ဒီဟာလို ဆိုရင်​လည်း ဘာမှမပြောဘူး။ ပြောလိုက်​လို့ရှိရင်​ သူသင်​တဲ့ပုံစံအတိုင်း သူ့လေသံ၊ သူ့ပုံစံအတိုင်း ဖြစ်​သွားမှာ သူက စိုးတယ်​။ ကီးကြောင်​နေတာတို့၊ တစ်​ခုခု လွဲချော်​သွားမှ သူ ဝင်​ပြောတယ်။ တော်​ရုံတန်​ရုံဆို ရင်​ သူဘာမှဝင်​ မပြောဘူး။ အစ်​မအမေကြောင့်​မို့လို့ အစ်​မက အဆိုတော်​ဖြစ်​လာတယ်​” ဆိုပြီး ပြောပြပါတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here