ခို..

1
200

မိုးကြိုးများထစ်ချုန်း လျှပ်စီးများ ဆက်တိုက်ပြက်ကာ သဲသဲမဲမဲ ရွာခဲ့သည့် မိုးအရှိန်သေသွားပြီး မိုးဖွဲလေးများသာ ပြတ်တောင်း ပြတ်တောင်းရွာနေ တော့ချိန်တွင် ပြတင်းတံခါးအပြင်ဘက်မှ ခပ်သဲ့သဲ့ ညည်းသံတစ်သံကို ဆက်တိုက်ကြား လာရသဖြင့် ဖတ် လက်စစာအုပ်ကို ချလိုက်ပြီး ပိတ်ထားသော မှန်တံ ခါးကို အသာဖွင့်၍ အသံလာရာဆီသို့ ကြည့်လိုက် လေသော် ပြတင်းပေါက် အောက် တိုက်နံရံအုတ်စွန်းတွင် နားနေသည့် မိုးရေရွှဲရွှဲစိုနေသော ခိုလေးတစ်ကောင်ကို တွေ့လိုက်ရ လေတော့သည်။

ခုနက မိုးသည်းထဲမှာ ဘယ်ကိုမှ မပျံနိုင်တော့ဘဲ သည်နေရာတွင်သာ နားနေရင်းက မိုးမိသွားသည်ထင်၏။

ခိုကို လူတိုင်းသိကြပါသည်။ အမှန် အားဖြင့်မူ ခိုသည် ချိုးနှင့်အတူ ကို လမ်ဗီဒီ မျိုးစိတ်တွင်ပါဝင်ပြီး ကမ္ဘာ တစ်ဝန်းဝယ် ခိုမျိုးပေါင်း ခြောက်ရာ ကျော် ခုနှစ်ရာနီးပါးခန့်ရှိကြောင်း ဖတ်ဖူးသည်။ သို့ရာတွင် ခိုသည် အရွယ်အစားအားဖြင့် ချိုးထက်ကြီး ၏။ ခိုတို့ကို ကမ္ဘာ့ဝင်ရိုးစွန်းဒေသများ မှာလွဲ၍ ကမ္ဘာအရပ်ရပ်တွင်တွေ့ နိုင်ကာ အပူပိုင်းဒေသများတွင် ပိုပေါသည်။ မြန်မာနိုင်ငံမှာတော့ မြို့တိုင်း ရွာတိုင်း နေရာတိုင်းမှာ ခို တွေ ရှိကြသည်ချည်းပင်။

အခု ကျွန်တော်တွေ့နေရသော ခိုလေးမှာ ခိုပြာရောင်လေးဖြစ်၏။ ရေတွေစိုနေသည့်တိုင် အမြီးလေး ကော့နေကာ ခြေထောက်နီနီလေး ဖြစ်၏။ ရင်အုပ်တုတ်တုတ်ခိုင်ခိုင်နှင့် ဝဝကစ်ကစ်လေးဖြစ်သည်။ ခေါင်းမှ အမြီးအထိ အလျားတစ်ပေခန့်ရှိမည် ထင်သည်။

ခိုတို့၏ ပင်ကိုသဘာဝမှာ တောပျော်တောင်ပျော်များဖြစ်ကြ သော်လည်း အင်မတန်ယဉ်ပါးလွယ် သည်ဟု ကြားဖူးသည်။ ထို့ကြောင့် ရေသန့်ဗူး ဖင်ပိုင်းကို ဖြတ်၍ ရေ လေးထည့်ကာ သူ့ရှေ့တွင် အသာ ချပေးလိုက်၏။ မိုးထဲရေထဲပေမင့် ရေငတ်ချင်ငတ်နေရှာလိမ့်မည်။ အလို…။ ကျွန်တော့် အထင်မ မှားပါ။ ရေခွက်လေးကို နှုတ်သီးဖြင့် နှစ်ချက် သုံးချက် အသာတို့ကြည့်ပြီး ခေါင်းမမော့တမ်း သောက်လေတော့ ၏။ ဤသည်မှာ ခိုနှင့် ချိုးတို့၏ ထူးခြားချက်ပေတည်း။ အခြားသော ငှက်တွေသည် ထိုသို့ရေသောက်လေ့ မရှိကြ။ ကြက်တွေရေသောက် သလိုပင် တို့ကနန်း ဆိတ်ကနန်းသာ သောက်လေ့ရှိသည်။ ခိုလေး ရေ သောက်နေသည်ကို မြင်ရသည်မှာ စိတ်ချမ်းသာဖွယ်ပင်။ ရေအကျိုး ဆယ်ပါး မတောင်းဘဲနှင့် ပြည့်ပြီ ဟုပင် စိတ်ထဲက ခံစားလာရ၏။

ခိုတို့သည် သူတို့ ကျက်စားရာ ဒေသကို ခင်တွယ်ကြသည်ဟု ကြား ဖူးသည်။ ထိုအချက်သာ မှန်ကန်ပါက သည်ခိုလေးသည် ကျွန်တော့်အခန်း အနီးအနားမှာပင် ကျက်စားနေသည့် ခိုလေးသာဖြစ်ရချေမည်။ ခိုတို့သည် အုပ်စုလိုက်သော်လည်းကောင်း အဖို အမ စုံတွဲတွေစု၍သော်လည်း ကောင်းနေတတ်သဖြင့် အနီးအနား တွင် ခိုအုပ်တစ်အုပ်ရှိချေလိမ့်မည်။ ခိုတို့သည် အဖိုအမ သစ္စာရှိကြ သည် ဆို၏။ ရာသက်ပန်ပင်အတူ ပေါင်း သင်းနေထိုင်ကြသည်ဆို၏။ ယခု ခိုလေးသည် အထီးလော အမလော ကျွန်တော်မသိ။ မည်သို့ပင်ဖြစ်စေ ခိုတို့သည် တစ်နှစ်ပတ်လုံး သား ပေါက်တတ်ပြီး သားပေါက်လေးများ ကို အဖိုရော အမရောကပါ တာဝန် ယူစောင့်ရှောက်လေ့ရှိကြပါသည်။ ခိုသိုက်တွေကတော့ အားလုံးသိကြ သည့်အတိုင်း အိမ်မျက်နှာကြက်ပေါ် တို့၊ တံစက်မြိတ်အမိုးကြားတို့တွင် သာများသည်။ သစ်ပင်ပေါသည့် ဒေသတွင်မတော့ သစ်ပင်သစ်ကိုင်း တွေပေါ်မှာ ရှိမည်ပေါ့။ ခုကတော့ မြို့ထဲမှာကိုး။ သည်ခိုလေးသည် ဘယ်နားက ရောက်လာပါလိမ့်။

တစ်ခုတော့ရှိသည်။ လမ်းထိပ် တွင် ခိုစာရောင်းသည့် အဒေါ်ကြီး တစ်ယောက်ရှိ၏။ ရာသီသုံးပါးစလုံး သူခိုစာရောင်းသည်။ မနက် ၆ နာရီ ခွဲလောက်ဆို သူ့နေရာတွင် ရောက် နေပြီ။ သူရောက်လာပြီဆိုလျှင် ခိုစာ ရောင်းသည့်နေရာတစ်ဝိုက်မြေပြင် ကို အရင်ဆုံး ရေတဗြန်းဗြန်းဖြန်း ပြီး လျှင် ခိုစာ နို့ဆီဘူးတစ်ဘူးစာလောက် ကို မြေပေါ်ကြဲလိုက်၏။ ဤတွင် အနီးတစ်ဝိုက် ကျက်စားနေကျ ခို တွေ ရောက်လာကာတ တောက် တောက်နှင့် ကောက်စားကြလေတော့ သည်။ သည်ခိုလေးလည်း အဲသည် ခိုအုပ်စုကပင် ဖြစ်ပေလိမ့်မည်။ ခိုတို့ သည် အစာစားနေရင်းလည်း ဖင်က အီးပါတတ်ကြသေးသည်။ ထို့ကြောင့် ခိုစာရောင်းသည့် နေရာတစ်ဝိုက် မြေပြင်သည် ခိုချေးတို့ဖြင့် ပေကျံနေ လေ့ရှိ၏။ အချို့သော ခိုစာရောင်း သူတို့က သူတို့ဆိုင်သိမ်းလျှင် ပေကျံ နေသည်တို့ကို တိုက်ချွတ်ဆေးကြောပေးသွားလေ့ရှိသည်ကိုတွေ့ဖူးသည်။ သို့ရာတွင် အများစုကတော့ သည် အတိုင်းပင် ထားခဲ့ကြပါသည်။

ကျွန်တော်တို့ဆီတွင်မတော့ မြို့လယ်ကောင်တွင် ခိုစာကျွေးခြင်း ကို အတားအမြစ်မရှိသေး။ စင်ကာပူ တွင်တော့ မြို့လယ်ကောင် ခိုစာ ကျွေးပါက ဒဏ်ငွေ ၅ဝဝ တပ်မည်ဟု တလောက ကြေညာသွားသည်ကို ဖတ်လိုက်ရ၏။ ဘန်ကောက်တွင် လည်း မြို့လယ်ကောင် ခိုစာကျွေး ခြင်းကို တားမြစ်ထားသည်။ တရုတ် နိုင်ငံတွင်လည်း တားမြစ်ထားသည်။ သို့ရာတွင် တစ်ဖက်က တားမြစ်သလို တစ်ဖက်ကလည်း ဂေဟစနစ်မပျက် စီးစေရန် ကြံဆောင်ပေးထား၏။ မြို့ ပြလူနေမှုထူ ထပ်လာသဖြင့် မြို့ထဲ တွင် ငှက်များမနေနိုင်ကြသောအခါ ယင်းတို့အတွက် နေစရာ ဘေးမဲ့ ဥယျာဉ်များ ဖန်တီးပေးထားကြ၏။ အဆိုပါ ဘေးမဲ့ ဥယျာဉ်များသည် မြို့ပြနှင့် ခပ်ဝေးဝေးနေရာတွင်ရှိပြီး ငှက်များအတွက် အထူးစီစဉ်ပေးထား ခြင်းပင်။ ငှက် လေ့လာသူများ ငှက် ကြည့်သူများ လာရောက်လေ့လာနိုင် သည်။ ညအိပ် စခန်းချ၍ လေ့လာ လျှင်လည်း သတ်မှတ်ထားသည့် အခ နှုန်းထားပေးကာ လေ့လာ၍ရသည်။ သို့ရာတွင် ဥယျာဉ်တွင်းရှိ ငှက်များကို သတ်ဖြတ်ပစ်ခတ်ဖို့ဝေးစွ ထိတ်လန့် အောင်ပင်မပြုရ။ စီစီတီဗီတွေ အများကြီးတပ်ထားပြီး ပင်မထိန်း ချုပ်ခန်းမှ ၂၄ နာရီစောင့်ကြည့် နေ သည်။ သတ်မှတ်ထားသည့် စည်း ကမ်းများကို ဖောက်ဖျက်သူသည် အပြစ်ပေးခံရမည်ဖြစ်၏။

ကျွန်တော်တို့ဆီတွင်မတော့ ထိုသို့မလုပ်ပေးနိုင်သေးသလို ခိုစာ ကိုလည်း နေရာအနှံ့ကျွေးကာ ကုသိုလ်ယူနိုင်နေကြသေးသည်။ သို့ ရာတွင် ခိုချေးထဲမှ ပါလာသော ညောင်စေ့ သစ်စေ့ အစရှိသည်တို့က တိုက်ကြိုအုပ်ကြားတွင် အပင်ပေါက် လာသောအခါ အန္တရာယ်ရှိတတ် သည်ကိုတော့ သတိပြုရမည်။ ညောင်မြစ် သစ်မြစ်တို့က အုပ်တွေကို ထိုးခွဲသဖြင့် တိုက်နံရံတွေ အက် ကြောင်းဖြစ်လာခြင်းပင်။

ခိုလေးက ရေသောက်၍ ဝသွား ပြီထင်၏။ ခေါင်းခါခါ လည်ခါခါနှင့် ရေများကိုလည်း ခါထုတ်နေသည်။ မိုးလည်း လုံးဝတိတ်သွားပြီ။ သူ့ အဖော်တွေဆီပြန်ချင်ရှာပြီလားမသိ။ အဖော်ခင်သော ခိုတို့သည် အမှတ် သညာလည်းကောင်းကြ၏။ ခိုတို့၏ အမှတ်သညာကောင်းမှုကို လူတွေက အသုံးချ၍ ခိုတွေကို စာပို့ခို သတင်း ပို့ခိုတွေအဖြစ် သုံးလာခဲ့ကြခြင်းမှာ ရှေးဂရိ ရှေးရောမခေတ်မှသည် ဒုတိ ယကမ္ဘာ စစ်တိုင်အောင်ပင်ဖြစ်သည်။ ယခု ခိုလေးလည်ပင်းတွင် စာ တစ် စောင်ချည်နှောင်ပေးလိုက်ပါက ဘယ်ဆီသို့ရောက်မည်မသိ။ ချစ်သူ ဆီ သေချာပေါက်ရောက်မည် ဆိုပါ က တစ်စောင်လောက်တော့ ချည် ပေးလိုက်ချင်မိသည်။

လောလောဆယ်တော့ ခိုက လေး ပျံမသွားမီတွင် ဆန်စေ့လေး နည်းနည်းချ၍ အစာကျွေးလိုက် ပါဦးမည်။

ရန်မျိုးအောင်


1 COMMENT

  1. လုံးဝကို ခို Wiki ထဲကဟာကို Copy ကူးသွားတာပဲ။ ခိုအကြောင်းသေချာမသိဘူးထင်တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here