အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် ပုံမှန်ဝင်ငွေတစ်ခုရှိဖို့ လိုအပ်ကြောင်း နိုင်လူပြော

0
271

နိုင်လူနဲ့ မချိုသန္တာထိုက်တို့ရဲ့ အိမ်ထောင်သက်တမ်း ၅ နှစ်ကျော်ကာလထဲကို ရောက်ရှိလို့ လာခဲ့ပါပြီ။ တစ်ယောက် နဲ့တစ်ယောက် ချစ်ခြင်း မေတ္တာတွေအပြည့်နဲ့ အိမ်ထောင်သက်တမ်းကို လျှောက်လှမ်းလာခဲ့ကြတာပဲဖြစ်ပြီး ၅ နှစ်တာ ကာလအတွင်းမှာ တစ်ဦးနဲ့ တစ်ဦးရန်ဖြစ်တာမျိုးတွေတောင် မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အိမ်ထောင်တည်မြဲစေလို ကြတဲ့အတွက် အိမ်ထောင်ကွဲစေမယ့် လက္ခဏာအရေးအကြောင်းကိုတောင် အက်စစ်နဲ့ ဖျက်ခဲ့ကြပါတယ်။

”လက္ခဏာကိုကြည့်တော့ အိမ်ထောင်ကွဲစေမယ့် လက္ခဏာလမ်းကြောင်းကို အက်စစ်နဲ့ဖျက်လိုက်ရင်ပိုကောင်းတယ်ဆိုလို့ အက်စစ်နဲ့ဖျက် လိုက်တယ်လို့ အမျိုးသမီးက ပြောပြတယ်။ အက်စစ်အပျော့စားနဲ့ပေါ့လေ။ မခံနိုင်လောက် အောင်ကို ခံစားရမှာပါ။ ကျွန်တော်လည်း အံ့သြသွားတယ်။ သူအဲဒီလောက်အထိ သူလုပ်ခဲ့တယ် ဆိုတာကိုပေါ့။ သူလည်း အဲဒီ ဝေဒနာကိုတော်တော် လေးခံစားလိုက်ရတယ်။ ပြီးတော့ ကိုယ်လည်း အဲဒီလိုမျိုးလုပ်ခဲ့ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သူ့ရဲ့ မေတ္တာတရားကို တန်ဖိုးထားပါတယ်” ဇနီးဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ နိုင်လူကပြောပြပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့ ဆိုတာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိမှဖြစ်မှာဖြစ်သလို မိသားစုမှာပုံ မှန်ဝင် ငွေတစ်ခုရနေဖို့လည်းလိုအပ်ကြောင်း နိုင်လူကသူ့ရဲ့အမြင်ကို ပြောပြပါတယ်။

”ဝင်ငွေထွက်ငွေကို မျှတ အောင်လုပ်နိုင်ဖို့ လိုပါတယ်။ ပြီးတော့ သူ့မိဘ ကိုယ့်မိဘနှစ်ဖက်ကို လေ့လာဖို့လည်းလိုပါတယ်။ တကယ်လို့ ဒါတွေကို မလေ့ လာဖြစ်ခဲ့ဘဲ အိမ်ထောင်ပြုဖြစ်ခဲ့တယ် ဆိုရင်တောင် အိမ်ထောင်တစ်ခုကို မပြိုကွဲပါစေနဲ့။ နားလည်မှုတစ်ခုနဲ့ပဲ ရပ်တည်နိုင်ကြပါစေ။ ဘယ်လိုပဲပြော ပြော သူ့မိဘသည်လည်း ကိုယ့်မိဘ၊ ကိုယ့်မိဘသည်လည်း သူ့မိဘဖြစ်တဲ့ အတွက်ကြောင့် တစ်မိသားစုနဲ့ တစ်မိသားစုပေါင်းဖက်ရတဲ့ အနေအထား အတိုင်းအတာမှာ တစ်ခါတလေကျ ရင်မမြင်ရတဲ့ အဖုအထစ်လေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒါကြောင့် ရေရှည်ရပ် တည်ဖို့ဆိုရင် နားလည် မှုနဲ့ တည်ဆောက်သွားဖို့က အရေးကြီး ဆုံးပဲလို့ ပြောချင်ပါတယ်” လို့ နိုင်လူကပြောပြပါတယ်။ နိုင်လူက သရုပ်ဆောင်ပိုင်း တင်မကဘဲ ဒါရိုက် တာပိုင်းကိုပါ ကူးနေပြီသလို ကြောငြာတွေနဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here