ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာအုပ်ပြပွဲ စာဆိုတော်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဈေးရောင်းပွဲ ကျင်းပမည်

0
270

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ၉၈ နှစ်မြောက် အထိမ်းအမှတ်နှင့် စာဆိုတော်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၈ ရက် နေ့မှ ၁၁ရက် နေ့အထိ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းတွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

စာအုပ်အရောင်းဆိုင်များကို ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရှေ့၊ သစ်ပုပ်ပင်အနီးနှင့် ပတ်ချာလည် နေရာများ၊ အဓိပတိလမ်း တစ်ဖက်မှ ဝိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်တွင် စာအုပ်တိုက်ပေါင်း ၁ဝဝ ကျော်က ဆိုင်ခန်းများ ၁ဝဝကျော် ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၅နာရီ အထိ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်း၍ ပထမဆုံးအကြိမ်ဖြစ် ၂ဝ၁၆ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

ယင်းပွဲတော် ကျင်းပနေစဉ် ရက်များအတွင်း ဖြစ်သည့် ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိတွင်လည်း ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမတွင် Science Fair ကို ကျင်းပသွားဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here