စားသုံးသူရေးရာ ဦးစီးဌာန ဘုံကထိန်နှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

0
375

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပခုက္ကူခရိုင်စားသုံးသူရေးရာ ဦးစီးဌာနသည် ၃၃ ကြိမ်မြောက် ဘုံကထိန်တော်နှင့် ၆ ကြိမ်မြောက် ပင်စင်စားသက်ကြီး ပူဇော်ပွဲ အခမ်းအနားအား ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် ပခုက္ကူမြို့ မြိုင်လမ်းအမှတ် ၁၁ ရပ်ကွက် ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။ ၃၃ ကြိမ်မြောက် ဘုံကထိန်ကို ညောင်ကျစ်ပင် ဆရာတော်ဦးဝါယာမ ပခုက္ကူမြို့နယ် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ဥက္ကဋ္ဌ မြောက်လူးကန်ဆရာ တော်ဦးဇောတိကနဲ့ သံဃာ ၅ ပါး သာမဏေ ၁၆ ပါးကို ပင့်ဖိတ်ပြီး ကထိန်အလှူဒါန အစုစုလှူဒါန်း ကုသိုလ်ယူခဲ့ပါတယ်ဟု စားသုံးသူရေးရာ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။ စားသုံးသူရေးရာ ပခုက္ကူခရိုင် ဦးစီးမှူး ဦးသန်းဦးနှင့် စားသုံးရေး ရာဝန်ထမ်းများသည် ၆ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကိုလည်း ပျော်ရွှင်ကြည်နူးစွာကျင်းပခဲ့ကြောင်း သိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here