ယောဂနဲ့ အနုပညာကို အတူတူ လုပ်သွားမယ်ဆိုတဲ့ ငွေဇင်လှိုင်း

0
245

Myanmar Idol Season 3 ကနေ တစ်ဆင့်​ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သူကတော့ အဆိုတော်​ငွေဇင်လှိုင်းပါ။ ပရိသတ်တွေအတွက်​ သီချင်းအသစ်တွေ ဖန်တီးဖြစ်​နေတာနဲ့ ပတ်သက်ပြီး ငွေဇင်လှိုင်းက ”အခုလတ်​တလောက နယ်တွေဆက်တိုက်​ရှိုးပွဲတွေ သွားဆိုနေရတယ်။ ပရိသတ်ကငွေဇင်ရဲ့သီချင်းအသစ်​တွေကိုလည်း ကြားရတော့မှာပါ။ လောလောဆယ်​I Need Your Love ဆိုတဲ့ သီချင်းလေးကတော့ ဆိုပြီးသွားပြီ။ ဒီဇင်​ဘာလထဲ ထွက်နိုင်အောင်​ကြိုးစားနေတယ်။ သီချင်းလေးက RIP ပုံစံမျိုးလေးပါ။ Featuring ဆိုထားတာဆိုတော့ ချစ်စရာကောင်းတဲ့ သီချင်းပုံစံမျိုးလေးပါ။ လူငယ်​ဆန်ဆန်​လေးရေးထားတာဆိုတော့ စာသားတွေကမိုက်တယ်။ ကိုယ့်ဟာကိုယ်တော့ အဲဒီသီချင်းလေးကို တအားကြိုက်​တယ်​။ နောက်​ပြီး ရင်​ကွဲလမ်းမဆိုတဲ့ မပိုး မီရေးပေးထားတဲ့ သီချင်းလေးလည်းထပ်​ထွက်​ဖို့ရှိတယ်​။ ပရိသတ်​ကြီးကို ဖြေးဖြေးချင်း နဲ့ချပြသွားမှာပါ။ အချိန်​လေးတော့ နည်းနည်းစောင့်​ပေးပါ”လို့ ပြောပြခဲ့ပါတယ်​။ ငွေဇင်​တစ်ကိုယ်တော်​အခွေကတော့ နည်းနည်းလေးကြာဦးမယ်။ တစ်ကိုယ်တော်​အခွေဆိုတာထက်​ ကိုယ်ဖန်တီးတဲ့ အနုပညာတွေကို ပရိသတ်တွေကို တစ်ခုချင်းစီချပြသွားမယ်။ Mini Album ပုံစံမျိုးလေး ငွေဇင်​လုပ်ချင်တယ်​။ တိမ်မြုပ်နေတဲ့ သီချင်းတွေကို ပြန်​ဆိုတေး အနေနဲ့ Version လေးတွေပြောင်းပြီး သီဆိုချင်တယ်​။ ဒါကတော့ စိတ်ကူးထားပြီးသားပါ။ အကောင်အထည်ကတော့ ဖော်ဖြစ်မှာပါ။ ဖြစ်လာအောင်လည်း ကြိုးစားနေတယ်​”ဆိုပြီး ပြောပြခဲ့ပါတယ်​။ သူငယ်​ချင်းတွေဖြစ်​ကြတဲ့ ပိုးမီ၊ နော်​ဂျက်​တို့နဲ့ပေါင်းပြီး သီချင်းအသစ်​ဖန်တီးဖြစ်​နေတာကိုလည်း ”ပိုးမီရယ်၊ နော်ဂျက်ရယ်၊ ငွေဇင်ရယ်​Super Girl အနေနဲ့ Single Song ထွက်လာမယ်​။ အစ်မတို့ ၃ ယောက်​စလုံးမြင်နေကျ မဟုတ်တဲ့ ပုံစံလေးကို ပရိသတ်​တွေမြင်​တွေ့ရမှာပါ။ ထူးထူးဆန်းဆန်း ပုံစံမျိုးလေးတွေကို ကိုယ်တိုင်​ပါဝင်​သရုပ်ဆောင်မယ်။ ခွန်အားပေးတဲ့ သီချင်းပုံစံအမျိုး အစားလေးပါ။ ပရိသတ်ကြီးလည်း သီချင်းလေး ထွက်လာရင်​ အားပေးကြပါဦး” လို့ ငွေဇင်လှိုင်းက ပြောပြခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ယောဂဆရာမတစ်ယောက်​အနေနဲ့ ဘယ်လိုတွေ ဆက်လုပ်​ဖြစ်သွားဦးမလဲဆိုတာကိုလည်း ငွေဇင်လှိုင်းက ”ယောဂကို ငွေဇင်​အခုသိပ်​မလုပ်ဖြစ်တော့ ကိုယ့်ကိုယ်ကိုယ်​Strong လည်း မဖြစ်ဘူး။ ရောဂါတွေလည်း ခဏခဏဝင်​နေတယ်​။ ယောဂ မလုပ်ဖြစ်တော့ ကိုယ်ခံအားတွေလည်းကျပြီး အသားတွေလည်း ပျော့တွဲနေတယ်။ ဗိုက်တွေလည်းပူလို့။ အရင်​တုန်းကဆို အသားအရေက တင်းတင်း ရင်းရင်းရှိသေးတယ်။ တချို့တွေက ပြောတယ်​။ ယောဂဆရာမဖြစ်​ပြီးတော့ ဝနေတယ်​ဆိုပြီး။ ငွေဇင်က အခုယောဂမလုပ်ဖြစ်တော့ တော်တော်​ကြာနေ ပြီဆိုတော့ အရင်ကထက်​စာရင်​နည်းနည်းပိုပြည့်​လာတယ်။ Music နဲ့ပတ်သက်ပြီး ကိုယ့်​ခွန်အားရှိသလောက်၊ လုပ်နိုင်သလောက်၊ အသက်ငယ်ရွယ်တုန်းမှာ ပေးဆပ်မယ်။ အားတဲ့အချိန်မှာ ယောဂနဲ့ပတ်​သက်​ပြီး ကိုယ်​လေ့ လာနိုင်သလောက်​ ထပ်ပြီးလေ့လာသွားမယ်။ သင်တန်းဖွင့်​ဖို့လည်း အစီအစဉ်​တွေရှိတယ်။ အရင်ကဆို ၇ မိုင်ခွဲမှာ ငွေဇင်သူငယ်ချင်း ၂ ယောက်နဲ့ ဖွင့်တယ်။ အခုငွေဇင်​မအားတော့ သွားမသင်​ဖြစ်တော့ဘူး။ သီချင်းကို အခုအချိန်မှာ ပိုပြီးဦးစားပေးမယ်။ အဲဒီကြားထဲအားတဲ့အချိန်မှာ ယောဂကိုပိုလေ့လာမယ်။ နှစ်ခုတွဲလုပ်တော့ ပိုပြီးအဆင်​ပြေတယ်။ နှစ်ခုစလုံးကို လုပ်သွားမယ်” လို့ ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here