အခြားသောအရေးအသား(၃)

0
140

၁။ အချစ်မှ အမုန်းသို့ ကူးပြောင်း ရာတွင် တောင်ဝင်ရိုးစွန်းမှ မြောက် ဝင်ရိုးစွန်းသို့ မြင်းအိုကြီးတစ်ကောင် စီး၍ သွားရသကဲ့သို့ ကြာညောင်းပါ စေသား။
(မြသန်းလင်း၏ နှလုံးသားနွေကသစ် လစ်တမတ်စက္ကူပြာ ကဗျာစာအုပ်မှ)

၂။ အထက်ပါကဗျာစာသားမှာ ကျွန်တော်မှတ်မိသလို ပြန်ရေးထား ခြင်းဖြစ်ပါသည်။ မူရင်းရေးသူ ကဗျာဆရာမှာ မြသန်းလင်းဖြစ်ပြီး သူ၏နှလုံးသား နွေကသစ်လစ်တ မတ် စက္ကူပြာ ကဗျာစာအုပ်ထဲတွင် ရေးသားခဲ့ခြင်းဖြစ်သည်ဟု မှတ်မိ နေပါသည်။ ကျွန်တော်တို့ ၁၆ နှစ် သားအရွယ်က ထွက်ရှိခဲ့သော စာအုပ်ဖြစ်ပါသည်။ နှစ်တွေကြာမြင့် လာခဲ့သည့်တိုင် ထိုစာသားကလေး ကို ကျွန်တော်မှတ်မိနေပါသည်။ လူ တစ်ယောက်သည် မြင်းအိုကြီးတစ် ကောင်ကို စီး၍ တောင်ဝင်ရိုးစွန်းမှ မြောက်ဝင်ရိုးစွန်းသို့ တရွေ့ရွေ့သွား နေပါသည်။ ညဥ့်အချိန်ဆိုလျှင် မိုး ကောင်းကင်နက်ကြုတ်ကြုတ်ထဲမှာ ကြယ်ပွင့်ကလေးများ ပြိုးပြိုးပြက် ပြက် ထွက်လာသည်။ မြင်းအိုကြီး သည် လူတစ်ယောက်ကိုတင်ကာ တရွေ့ရွေ့ ခရီးနှင်လျှက်ပင် ရှိသည်။ လသာသောညများတွင် မြင်းအိုကြီး သည် မိမိ၏လရောင်အရိပ်ကို ကြည့် ကာ တစိုက်စိုက် ခရီးနှင်လေသည်။ အရှေ့ဗြုဗွာအရပ်ဆီမှ နေလုံးကြီး တရိပ်ရိပ်တက်လာချိန်တွင် မြင်းအို ကြီးသည် သူ၏ ဟောင်းမြင်းသော လည်ဆံမွှေးများကိုတစ်ချက်လှုပ်ကာ မမှိတ်မသုန် ခရီးနှင်တော့သည်သာ။ နေ့လယ်ခင်းချိန်တွင် နေလုံးသည် သူ့တို့ဦးခေါင်းထက်မှ တရိပ်ရိပ် ဖြတ် သန်းသွားသည်။ မြင်းအိုကြီးကား လူတစ်ယောက်ကိုတင်ကာ တရွေ့ ရွေ့ ထွက်ခွာနေတော့သည်သာ။

ညနေဆည်းဆာချိန်သို့ရောက်ပါပြီ။ မိုးကောင်းကင်သည် ရှက်သွေးဖြန်း နေသော အပျိုမလေးတစ်ယောက်၏ ပါးပြင်လို နီမြန်းလျှက် ရှိကုန်၏။ လေယာဉ်ပျံတစ်စီးသည် တဒီးဒီး မြည်ကာ ဖြတ်ကျော်ပျံသန်းသွား သည်။ မြင်းအိုကြီးကား မညည်းမ ငွေ့ပင် ခရီးနှင်နေလေသည်တကား။ ဆည်းဆာချိန်ယွန်းခဲ့ပြီ။ မြင်းအိုကြီး သည် ရေအိုင်ငယ်တစ်ခုအနီး၌ရပ် ကာ ရေကိုသောက်၏။ ရေအိုင်ငယ် အနီးရှိ မြက်နုကလေးများကို ကိုက် ဖြတ်စား၏။ ညဥ့်ယံသို့ရောက်ပြီ။ ညဥ့်ယံထဲ၌ မြင်းအိုကြီးသည် လူတစ် ယောက်ကို တင်ဆောင်ကာ မညည်း မညူ ရွေ့လျားနေတော့သည်သာ။ ညဥ့်ယံသည် ပိန်းပိတ်သော အမှောင် ထုအမိုက်တိုက်ကြီးဖြစ်သို့ ရောက်ရှိ လာခဲ့သည်။ မြင်းအိုကြီးကား သူ၏ မှိန်ဖျော့သော မျက်လုံးအစုံဖြင့် အမှောင်ထုကြီးကို တရွေ့ရွေ့သွားနေ တော့သည်သာ။ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပေပြီ။ မြင်းအိုကြီးကားခရီး တစ်ခုကို သွားနေလျှက်ပင်တကား။

၃။ (မိုးထဲလေထဲ မရောက်ရောက် အောင် ငွေလွှဲပေးတဲ့ ကိုမိုးဝေး၊ စိတ် ချဆရာဆိုပြီး ရောက်မလာတော့ဘူး ထင်တဲ့အချိန်မှ ငွေရောက်နေအောင် ပို့ပေးတဲ့(ကို)မြေမှုန်လွင်၊ ကျွန်တော့် မှာ ပိုက်ဆံမရှိသေးဘူးပြောပြီး အ ချိန်တန်တော့ ရောက်လာအောင် ငွေပို့ပေးတတ်တဲ့ စိုင်းဝင်းမြင့်နဲ့ လူ ကြီးလူကောင်းဆန်ဆန် ငွေလွှဲပေး တတ်တဲ့ ကိုသူရကျော်တို့သို့)

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here