Age of Rangoon Show ပွဲအတွက် ကိုဖော်ကာကြီးကို မျက်လုံးထဲ ပြေးမြင်မိသွားတဲ့ သာဒီးလူ

0
114

ခရစ္စမတ်နေ့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မယ့် Age of Rock Show ပွဲအတွက် Wanted Band ကို အတူတူ ဖျော်ဖြေဖို့မြင်မိ တဲ့အတွက် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သာဒီးလူက ပြောပါတယ်။ ရွှေဘိုပွဲ မှာ The Key,Cicada,Horizon Band 3 Band ဖျော်ဖြေမှုက အောင်မြင် ခဲ့တဲ့အတွက် စီစဉ်တဲ့ Horus ကနေ ရန်ကုန်မှာ တစ်ပွဲစီစဉ်ဖြစ်တာဖြစ်ကြောင်း လည်း သိရပါတယ်။

”ကျွန်တော်တို့ အားနဲ့တော့မရဘူး။ ဒီဘက်မှာ ကျွန်တော်တို့ရဲ့ Senior Band တစ်ခုခုကိုတော့ ချဉ်းကပ်မှရမယ်။ သူ့ရဲ့ အားနဲ့လည်း ကျွန်တော်တို့က အကူအညီတောင်း မှရမယ်။ အားကိုးတာပေါ့နော်။ အဲဒီအချိန်မှာ ကျွန်တော် တို့တွေ ရွေးရင်း၊ ရွေးရင်းနဲ့မှ ကိုဖော်ကာကြီးကို မျက်လုံးထဲပြေးမြင်တယ်။ ဒီလူဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေမှု အတိုင်းအတာတစ်ခုအနေနဲ့ ရော၊ ပေါင်းစည်းမှုတစ်ခုအနေနဲ့ရော အဆင်ပြေနိုင်ကောင်းရဲ့ ဆိုပြီးတော့ခေါ် ဖြစ်တယ်” လို့ သာဒီးလူက ပြောပါတယ်။

လက်ရှိခေတ်အနေအထားအရ လက်မှတ်ရောင်းချပြီး ကျင်းပတဲ့ရှိုးပွဲ ထက် ကြော်ငြာပွဲတွေ၊ ကုမ္ပဏီပွဲတွေများလာပြီလို့ဆိုတဲ့ သာဒီးလူက-

”ပြောရမယ်ဆိုရင်တော့ ဒီအချိန်မှာ လက်မှတ်ပွဲတွေက တအားရှားလာပြီ။ လက်မှတ်ပွဲတစ်ပွဲလုပ် မယ်ဆိုရင် Commercial ဖြစ်ပြီးသား၊ နာမည်ရှိပြီးသား လူကတော့ ပွဲလုပ်မယ်ဟေ့ဆိုလို့ရှိရင် တန်းပြီးတော့ ပြည့်တာပေါ့လေ။ ကျွန်တော်တို့ ဒီဘက်မှာ ကျွန်တော်တို့ပုံစံတွေနဲ့ လုပ်တဲ့ဟာကိုလာပြီးတော့ ကြည့်ဖို့ ဆိုတာကတော့ တော်ရုံတန်ရုံအသစ် တန်းတစ်ယောက်အနေနဲ့ကတော့ မဖြစ်နိုင်ဘူး။ အဓိကကတော့ ကျွန်တော်တို့ဆိုချင်လို့ ကျွန်တော်တို့ ကိုယ်တိုင် လုပ်တဲ့ပွဲလို့ ပြောရင်လည်းရပါတယ်။ အဲဒီအတွက်ကြောင့် ဒီပွဲမှာ အားလုံး ပေါင်းပင်တိုင် Band က 4 Band ပေါ့နော်။ Horizon ရယ်၊Wanted ရယ်၊Cicada ရယ်၊The Key ရယ်ပေါ့။ အဲဒီ 4 Band ရဲ့ရှေ့မှာလည်း Judge Band တွေကိုလည်း ဖိတ်ခေါ်ထား တယ်။Velocity ပါတယ်။ Strike ပါတယ်။ Iota ပါတယ်။ Eternal Gosh ပါတယ်။ သူတို့ တွေကလည်းပါဝင်ပြီးတော့ ကျွန်တော်တို့ကို အစ်ကိုကြီးတို့ လုပ်ပါ။ ကျွန်တော် တို့ ကူညီပါ့မယ်။ ကျွန် တော်တို့တွေပေါင်းစည်းပြီးလုပ်ကြတာပေါ့ ဆိုတော့ ကျွန်တော်တို့ကလည်း အိုကေ ၊ ပေါင်းစည်းပြီးလုပ်ကြတာပေါ့ ဆိုပြီးတော့ လုပ်ဖြစ်တဲ့ပွဲပါ”လို့ သာဒီလူးက ဆိုပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here