ဟန်းနီးမွန်းမထွက်ဘဲ မြန်မာပြည်အနှံ့ တန်ခိုးကြီးဘုရားတွေကို လိုက်လံဖူးမြော်ကြတဲ့ သူထူးစံတို့ ဇနီးမောင်နှံ

0
375

အချစ်ရေးကို သိုသိပ်နေတတ်တဲ့ သရုပ်ဆောင် သူထူးစံတစ်ယောက် ရုတ်တရက်မင်္ဂလာဆောင်သွားတဲ့သတင်းက သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေရော၊ ပရိသတ်တွေကိုရော အံ့အားသင့်စေခဲ့ပါတယ်။ သူမင်္ဂလာဆောင်မယ့် သတင်းကိုတော့ အရင်းနှီးဆုံးသူငယ်ချင်းတွေတောင် မသိခဲ့ကြပါဘူး။ ချစ်သူ ထိုက်ဆုဝင်းနဲ့ သူထူးစံ ရဲ့မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၉ရက်နေ့မှာ နေပြည်တော် တပ်ကုန်းမြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ မင်္ဂလာဦးဆွမ်းကပ်ခဲ့ပါတယ်။ သူထူးစံ ရဲ့ ဘ၀လက်တွဲဖော် ဖြစ်တဲ့ ထိုက်ဆုဝင်းက ကာယအလှမယ်ဟောင်းတစ်ဦးဖြစ်သလို အကယ်ဒမီဗန်းကိုင်တစ်ဦး လဲ ဖြစ်ပြီင်္း သူထူးစံနဲ့လဲ ဇာတ်ကားတော်တော်များများမှာ တွဲဖက်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မင်္ဂလာဦးအလှူအနေနဲ့ ဒီဇင်ဘာ ၉ရက်နေ့ ညနေပိုင်းက မဟာဗောဓိကျောင်းတိုက် ပရဟိတအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ သူတို့မင်္ဂလာမောင်နှံရဲ့ ဘ၀အစကိုတော့ ဘာသာရေးလုပ်ကိုင်ရင်း ကောင်းမှုကုသိုလ်တွေနဲ့အတူ စတင်ခဲ့တဲ့အတွက် ကြည်နူးစရာကောင်းလှပါတယ်။ ဒါ့အပြင် သူထူးစံတို့ဇနီးမောင်နှံက ဟန်းနီးမွန်းခရီးကိုလည်း မထွက်တော့ဘဲ မြန်မာပြည်အနှံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကို ပဲ လိုက်လံဖူးမြော်နေကြပါတယ်။ မြန်မာပြည်မှာ သာသနာစထွန်းကားတဲ့ သထုံမြို့က တန်ခိုးကြီးဘုရားတွေကို သွားရောက်ဖူးမြောက်ခဲ့ပြီး ကျိုက်ထီးရိုးဘုရားကိုလည်း သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။

သူထူးစံက မင်္ဂလာဆောင်ဖို့ကို ဘယ်သူ့ကိုမှအသိမပေးထားပေမယ့်လဲ သူတို့ချစ်သူနှစ်ဦးကတော့ ကြိုတင်ပြီး သေချာစီစဉ်ခဲ့ကြတာပါ။ နှစ်ဦးစလုံးက အနုပညာသမားတွေဖြစ်ပေမယ့် မင်္ဂလာပွဲကို အရိုးရှင်းဆုံးပဲဖြစ်စေချင်ပြီး အလှူအတန်းတွေလုပ်ချင်တဲ့ ဆန္ဒလေးကိုပဲ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ သတို့သမီးရဲ့မွေးနေ့မှာ မင်္ဂလာဆွမ်းကပ်ဖို့ အစကစီစဉ်ခဲ့ပေမယ့် အဆင်မပြေမှုတွေရှိတာကြောင့် သူထူးစံရဲ့ မွေးနေ့မှာပဲ မင်္ဂလာဆွမ်းကပ်ဖြစ်ခဲ့တာပါ။ သတို့သမီးမိဘတွေရှိတဲ့ဘက်မှာ အရင် မင်္ဂလာဦးဆွမ်းကပ်ခဲ့တာဖြစ်ပြီး ရန်ကုန်မှာ မင်္ဂလာပွဲကျင်းပဖို့တော့ ရက်မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။

ခိုင်ဝေလွင်

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here