သီချင်းအသစ်၊ ကိုယ်ပိုင်စတူဒီယိုနဲ့ပိုပိုရဲ့ ဂီတအိပ်မက်

0
164

အဆိုတော်က သီချင်းဆိုနေရုံနဲ့ မပြီးဘူး။ အသစ် အသစ်တွေ ဖန်တီး နေရမယ်။ ဖန်တီးတဲ့ အနုပညာတွေကလည်း လတ်ဆတ်နေရမယ်။ သစ် လွင်နေရမယ်။ ဒါမှလည်း အနုပညာရှင်ပီသမှာပေပဲကိုး။ ပိုပို့မှာ အိုင်ဒီယာအသစ်တွေရှိတယ်။ တီထွင်ချင်တဲ့ စိတ်ကူးတွေရှိတယ်။ လာမယ့်ကာလမှာ ပိုပိုရဲ့ လှုပ်ရှားမှုတွေက …

”Valentine အမီလောက်ကို သီချင်း လေးတစ်ပုဒ်လောက်တော့ ပရိသတ်လက်ထဲ ထည့်ပေးမယ်ပေါ့နော်။ အွန်လိုင်းမှာပဲပေါ့။ အဲဒါတော့ စဉ်းစားထားတယ်။ Valentine ဆိုတော့ အမှတ်တရလေးပေါ့။ ပရိသတ် တွေကို အချစ်သီချင်း လုပ်ပေးချင်တယ်။ ပိုက အချစ်သီချင်းတွေဘာတွေ ဆိုလေ့ သိပ်မရှိဘူး။ ကိုယ်ရေးတဲ့ သီချင်းတော် တော်များများက အလွမ်းသီချင်းများတယ် ဆိုတော့လေ။ အချစ် သီချင်းလေး တစ်ပုဒ်လောက်တော့ Valentine’s day မှာထွက်မယ်။ ပြီးတော့ သီချင်း တွေအများကြီးရေးမယ်။ နောက်ထပ်အခွေ သစ်အတွက်လုပ်နေတယ်။ ပြီးတော့ ကိုယ် ပိုင်စတူဒီယိုလည်း အိမ်မှာ ဆောက်မယ်ပေါ့။ အရေးကြီးတာက အဲဒါ။ ကိုယ်ပိုင် စတူဒီယို ဆောက်ပြီးသွားရင် အိမ်မှာ ပိုပြီးတော့ ကိုယ့်ဘာသာကိုယ်ဖန်တီးလို့ရတာပေါ့”လို့ ပိုပိုက ပြောပါတယ်။

လက်ရှိအချိန်က ခရီးသွားရာသီဆိုတော့ ခရီးထွက် တာ ဝါသနာပါတဲ့သူတွေအကြိုက်ပေါ့။ ပိုပိုဆိုလည်း ခရီးထွက်ရတာဝါသနာပါတဲ့ အနုပညာရှင်ဖြစ်တဲ့ အတွက် ဒီနှစ်ကော အပန်းဖြေခရီးထွက် ဖြစ်သေးလား။ ပိုပိုသွား ချင်တဲ့နေရာက ဘယ်နေရာ ဖြစ်မလဲလို့ဆိုတော့ …

”ခရီးက ဒီနှစ်ထဲမှာ မထွက်ဖြစ်သေးဘူး။ ပိုက အိမ်ဆောက် နေတာ။ ပိုက်ဆံစုနေရတယ်။ အများကြီးကုန်လို့ မရဘူး။ အဲဒါနဲ့ ပိုက်ဆံတွေကြိုးစားပြီး ရှာနေရတယ်။ အလုပ် တွေကြိုး စားပြီး ပိုလုပ်ရမယ်။ တစ်နှစ်တစ်နှစ်မှာ လူတွေက ပြောင်းလဲ သွားမှာပေါ့နော်။ အဲဒီတော့ ပိုပိုပြီးကောင်းတဲ့သူဖြစ်အောင်၊ ကောင်းတဲ့အလုပ်တွေဖြစ်အောင် ကြိုးစားရင်းပေါ့” လို့ ပိုပိုက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here