၁ဝနှစ်အကြာမှ ပြန်လည် ရိုက်ကူးတဲ့ အကယ်ဒမီ ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်ရဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း

0
247


နောင်တွင်ဥဒါန်းတွင်စေသ တည်း ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက် တာ မြို့တော်မောင်ယဉ်အောင် အတွက်တော့ ၁ဝ နှစ်အကြာမှ ပြန် လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ သူဟာကိုး ဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ် ကားကို ရိုက်ကူးခဲ့ပြီး ကိုယ်တိုင် လည်း အကယ်ဒမီဆုရရှိခဲ့သလို ဇာတ်ကားမှာပါဝင်ခဲ့တဲ့ သရုပ် ဆောင်တွေကိုလည်း အကယ်ဒမီ ဆုရှင်တွေ ဖြစ်အောင် ကြိုးစားပေး နိုင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားပြီးတဲ့ နောက်ပိုင်းမှာတော့ သူဟာကမ်း လှမ်းသမျှ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့ခြင်း မရှိခဲ့ဘဲ ၁ဝနှစ်အကြာ မှာမှ နောင်တွင်ဥဒါန်းတွင်စေ သတည်း ရုပ်ရှင်ဇာတ်ကားကို ပြန် လည်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ သူက သူ့ရင်ကိုထိစေတဲ့ ဇာတ်လမ်း မျိုးကိုမှ ရိုက်ကူးချင်တဲ့ အနုပညာရှင် တစ်ဦးပါ။ နောင်တွင်ဥဒါန်းတွင်စေ သတည်း ဇာတ်လမ်းကလည်း ဟို တစ်ချိန်က မန္တလေးဆေးတက္ကသိုလ် မှာ ပြဇာတ်အဖြစ်ကပြခဲ့တာကို ကြိုက်နှစ်သက်မှုတွေ များစွာရရှိခဲ့ တာကြောင့် ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကိုတော့ ဒီဇင်ဘာလ ၂၁ ရက် နေ့မှာ မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံ တွေမှာ ပြသတော့မှာဖြစ်တာကြောင့် ဖန်တီးသူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်က ရန်ခုန် စိတ်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ်။

”ခုန်သောရင်ကို တုန်သော လက်နဲ့ ဖိထားရတယ်။ ကိုယ်ဖြစ်ချင် တာလေးကြည့်ပြီးကျေနပ်တယ်လို့ ထင်တာပဲ။ ဒီအတွက်ပျော်တာပါပဲ” လို့ သူ့ရဲ့စိတ်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဒါရိုက်တာမြို့တော်မောင်ယဉ် အောင်က ပြောပြပါတယ်။ လက်ရှိ ရုပ်ရှင်လောကမှာတော့ ဇာတ်လမ်း အစုံတွေတင်နေတဲ့ ကာလဖြစ်နေပေ မယ့်လည်း ဒရာမာဇာတ်ကားတွေ နည်းပြီး ဟာသဇာတ်ကားတွေ ကတော့ များနေဆဲပါပဲ။ နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင် ကတော့ ဒရာမာစစ်စစ် ဇာတ်ကား ကြီးတစ်ကားဖြစ်တာကြောင့် ပရိ သတ်တွေရဲ့ Feedback အပေါ် သူ့ အနေနဲ့ စိတ်လှုပ်ရှားမှု ရှိနေပါတယ်။

”ရင်ခုန်တဲ့အပြင် ဒီရုပ်ရှင် ဇာတ်ကားကို အားလုံးကိုကြည့်စေ ချင်ပါတယ်။ကြည့်စေချင်တယ်ဆို တာက ခေတ်တစ်ခေတ်ကို ပြန် ပြောင်းဖို့အတွက်လည်းပါပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခု ဆိုရင်ခေတ်လူငယ်တွေက ပညာ တွေနဲ့ အုပ်လိုက်လာနေကြပြီလေ။ ဒီအတွက်ကြိုဆိုရမှာပါ။ ဒါမျိုးတွေ နဲ့ပဲ ကြိုဆိုရင် ပိုမှန်မယ်ထင်လို့ပါ” လို့ မြို့တော်မောင်ယဉ်အောင်က ပြောပြပါတယ်။ ဇာတ် လမ်းဇာတ် အိမ်ခိုင်မာတဲ့ ဒရာမာ ဇာတ်ကားကြီး ဖြစ်တဲ့အတွက်ကော ဒီရုပ်ရှင် ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင် ထားကြတဲ့ အနုပညာရှင်တွေကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ် ဆောင်နိုင်ကြတာကြောင့် အကယ် ဒမီနဲ့ပတ်သက်လို့လည်း ရင်ခုန်စရာ ကောင်းလွန်းနေပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်ကတော့ အကုန်လုံးကိုရစေချင်ပါတယ်လို့ ပြောလာပါတယ်။

”အကုန်လုံးက တအားကြိုးစား ထားကြတာလေ။ သူတို့အားလုံးက ဇာတ်ကို နှစ်ပြီးလုပ်ကြတယ်။ ကိုယ် တောင်ပြောစရာမလိုပါဘူး။ ဒါ ကြောင့် အကုန်လုံးကို ရစေချင်ပါ တယ်” လို့ အကယ်ဒမီနဲ့ပတ်သက်လို့ ဒါရိုက်တာ မြို့တော်မောင်ယဉ် အောင်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here