မန္တလေးမှာ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ စိုးမြတ်နန္ဒာ

0
481

ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာရဲ့ ၃၉ နှစ် မွေးနေ့အထိမ်း အမှတ်အလှူကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံ စာသင်တိုက်မှာ ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင် သရုပ်ဆောင် စိုးမြတ်နန္ဒာက မွေးနေ့အထိမ်းအမှတ်အဖြစ် မဟာဂန္ဓာရုံစာသင်တိုက်မှ စာသင်သား သံယာအပါး ၁ဝဝဝ ကျော်ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ စိုးမြတ်နန္ဒာနဲ့အတူ၊ အနုပညာ မောင်နှမ များ၊ မိတ်ဆွေများနဲ့အတူ ချစ်ခင်သူတွေလည်း သံဃာတော်များအား လှူဖွယ်ပစ္စည်းများဖြင့် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

ချမ်းသာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here