ကျွန်တော် တကယ်ချစ်တဲ့ သူတွေ့မှလက်ထပ်မှာပါဝေဠုကျော်

0
182

”ကျွန်တော့်အိမ်က မင်းအိမ်ထောင်ပြုရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ပိုပြီးခိုင်ခိုင်မာမာချပေး လိုက်ပါတယ်။ ကျွန်တော်အရင်တုန်းကတော့ အိမ်ထောင်မပြုချင်ဘူး။ ဒီလိုပဲနေချင်သေးတယ်လို့ ပြောပေမယ့် အခုတော့ မရတော့ဘူး။ အိမ်ထောင်ပြုရမယ်တဲ့။ ပြုပါ့မယ်ပေါ့နော်” လို့ မိဘတွေက အိမ်ထောင်ပြု စေချင်ပြီဖြစ်ကြောင်းကို သရုပ် ဆောင် ဝေဠုကျော်ကပြောပြပါတယ်။

အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါမှာလည်း သူနဲ့စိတ်တူကိုယ်တူဖြစ်မယ့်သူမျိုးကို ရွေးချယ် သွားမှာဖြစ်ပြီး ကိုယ့်ကို ပံ့ပိုးအထောက်အကူပြုနိုင်မယ့်သူမျိုးကို စဉ်းစားမှာဖြစ်ကြောင်း သူက ဆက်ပြောပြပါတယ်။

”ကျွန်တော်တကယ်ချစ်တဲ့သူကျွန်တော်တအားချစ်တဲ့သူတွေ့မှ လက်ထပ်မှာပါ။ မဟုတ်ရင် ကျွန်တော် လက် မထပ်ပါဘူး။ တစ်ရေးနိုးထကြည့်ရင်ပဲဖြစ်ဖြစ်၊ မနက်မိုးလင်းလို့ ကိုယ့်ကိုလာနှိုးတဲ့ မျက်နှာ ကိုယ့်ကိုလာနှိုး တဲ့အသံ လေးက ကိုယ်အချစ်ဆုံးသူ၊ ကိုယ်တအားချစ်ရတဲ့သူပဲ ဖြစ်စေချင်တာပေါ့” လို့ သူရွေးချယ်မယ့် အိမ်ထောင် ဖက်နဲ့ ပတ်သက်လို့ ဝေဠုကျော်ကပြောပြပါတယ်။ ဒီဇင်ဘာလ ၃ရက်နေ့က ပြုလုပ်ခဲ့တဲ့ HOPE CHARITY MYANMAR FOUNDATION ၏ လူမှုအကျိုးပြု ပရဟိလုပ်​ငန်းများနှင့်​အများပြည်​သူအတွက်​ ​ဆောင်​ရွက်​​နေတဲ့ အနုပညာရှင်​​တွေကို ဂုဏ်​ပြုချီးမြှင့်​​ပေးအပ်​တဲ့ Hope Charity Icon Award လူမှုအကျိုးပြု ပရဟိတထူးချွန်​ဆုကို ဝဠုကျော် ဖောင်ဒေးရှင်းကရရှိခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here