မေမွှေး ( မို့မို့မြင့်​အောင်) လို အောင်​မြင်​တဲ့အနုပညာရှင်​ကောင်း တစ်​ယောက်​ဖြစ်​ချင်​တယ်​ဝါဆိုမြင့်​အောင်

0
226

ကလေးသရုပ်​ဆောင်​ဘဝနဲ့ အနုပညာလောကထဲကို စတင်​ဝင်​ရောက်​လာခဲ့ပြီး အခုအချိန်ထိ ပရိ သတ်​တွေရဲ့ချစ်​ခင်​အားပေး မှုတွေကိုရရှိထားသူကတော့ ဝါဆိုမြင့်​အောင်​ပါ။ အနုပညာမျိုးရိုး ရှိသူဖြစ်​ပြီး သရုပ်​ဆောင်​ မို့မို့မြင့်​အောင်​ရဲ့ တူမလည်း ဖြစ်​ပါတယ်​။ အခုနောက်​ပိုင်း အနုပညာလှုပ်​ရှားမှုတွေ နည်းပါး လာတာနဲ့ပတ်​သက်​ပြီး ဝါဆိုမြင့်​အောင်​က ”အနုပညာနဲ့ ပတ်​သက်​ပြီး မလုပ်​ဖြစ်​တော့တာ မဟုတ်​ပါဘူး။ Graduation ကိစ္စတွေနဲ့ ရှုပ်​ယှက်​ခတ်​နေတာ။ ကျောင်းကိစ္စတွေ ရှိသေး တယ်​။ သင်​တန်းတွေလည်း တက်ဖြစ်​နေတာဆိုတော့ အနုပညာ ဘက်​ကို မလှည့်​ဖြစ်​သေးတာပါ။ နှစ်​ခုစလုံးကိုတော့ ဆိုဆိုက ဝါသနာပါတယ်​။အနုပညာဘက်​မှာလည်း ကိုယ်​က အဘိုးရဲ့ သွေးသား၊ အဒေါ်ရဲ့သွေးသားက ပါနေပြီးသား ဆိုတော့ အနုပညာဘက်​ကိုလည်းအားသန်​တယ်​။ ပညာရေးဘက်​မှာလည်း ကိုယ်​က အားသန်​တယ်​။ အနုပညာပဲ ဆက်​လုပ်​ဖြစ်​မလား။ စီးပွားရေးပဲ လုပ်​ဖြစ်​ဦးမလား မသိသေးဘူး”လို့ ပြောပြခဲ့ ပါတယ်​။

အနုပညာလုပ်​ဖြစ်​ရင်​လည်း မေမွှေး (မို့မို့မြင့်​အောင်​)လို အောင်​မြင်​တဲ့ အနုပညာရှင်​ကောင်းတစ်​ယောက်​ဖြစ်​ချင်​တယ်​ဆိုတာကိုလည်း ”မေမွှေးက ကိုယ့်အတွက်​ Idol တစ်​ယောက်​ပါပဲ။ မေမွှေးက အနုပညာနဲ့ ပတ်​သက်​ရင်​လည်း သင်​ပေးတယ်​။ ဆုံးမပေး တယ်​။ မေမွှေးဆုံးမပေးတဲ့ အတိုင်း နာခံတယ်​။ သူက အလုပ်​တစ်​ခုကိုတစ်​စိုက်​မတ်​မတ်​လုပ်​တယ်။ ရည်​ရွယ်​ချက်​ထားပြီးလုပ်​တော့ သူကအောင်​မြင်​တယ်​။ သူ့အတိုင်း လည်းဖြစ်​ချင်​တယ်​။ သူ့ လိုဖြစ်​ဖို့ကို လည်း အများကြီး ကြိုးစားရဦးမယ်​” လို့ ဝါဆိုမြင့်​ အောင်​က ပြောပြပါ တယ်။

ကျွန်​မချစ်​သော ယောက်ျား သုံးယောက်​ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကား ကြီးတစ်​ကား ရုံတင်​ဖို့ ရှိသေးတယ်။ အဲဒီဇာတ်​ကားမှာ ဆိုဆိုက မအူဝဲရဲ့ ငယ်​ဘဝ (ကလေးသရုပ်​ဆောင်​) နေရာကနေ ပါဝင်​သရုပ်​ဆောင်​ထားတယ်​။ ပရိသတ်​တွေက ဆိုဆိုကို ချစ်​ကြတယ်​။ ကလေးသရုပ်​ဆောင်​ဘဝ ကနေ အခုအချိန်​ထိ အားပေးကြတယ်​။ ပရိသတ်​ကြီးရှေ့ကို ဆိုဆို ပြန်​ ရောက်​လာဦးမှာပါ။ ဆိုဆိုကိုလည်း အားပေးကြပါဦးလို့ ပြောပြ ခဲ့ပါသေးတယ်​။

 

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here