၇၆ကြိမ်မြောက် ရွှေကမ္ဘာလုံးရုပ်ရှင်ထူးချွန်ဆု့  ဆန်ကာတင်စာရင်းမှာ ဆယ်စုနှစ်တွေ အတွင်းပထမဆုံး အာရှအနွယ် အမေရိကန်သူ အဖြစ် မင်းသမီး ကွန့် စတက် ၀ူ ပါဝင်လာ

0
222

လာမယ့် ၂၀၁၉ခုနှစ် ဇန္န၀ါရီလ ၆ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၇၆ကြိမ်မြောက် ရွှေကမ္ဘာလုံးရုပ်ရှင် ထူးချွန်ဆု့ ပေးအပ်ချီးမြှင့် ပွဲမှာ ပထမဆုံး အာရှသူအဖြစ် ဟောလိဝုဒ့် မင်းသမီး ကွန့် စတက် ၀ူ ကို ဆန်ကာတင်စာရင်းမှာ ထည့် သွင်းထားတယလို့ သိရ အခုလိုမျိုး အမေရိကန်ဖွား အာရှအနွယ် တစ်ဦးကို ရွေချယ်ခဲ့တာဟာ ဆယ်စုနှစ် နှစ်စုကျော် တစ်ခုအတွင်းမှာ ဒီတစ်ကြိမ်ဟာ ပထမဆုံးလို့ ဆိုပါတယ်။

ဒီရွေးချယ်မှုဟာ “ Crazy Rich Asian” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ၀ူရဲ့ သရုပ်ဆောင် မှုတွေ သရုပ်ပီပြင်လွန်းတာကြောင့် လို့ ပြောပါတယ်။ အာရှသွေးပါတဲ့ သူတစ်ယောက်ကို ရွေးချယ် ခဲ့တာဟာ ၂၅နှစ်အတွင်း ပထမဆုံးလို့ လည်း သိရပါတယ်။အဆိုပါဇာတ်ကားဟာ သရုပ်ဆောင်အပြင်  အကောင်းဆုံးရုပ်ရှင်ဆု နဲ့ အကောင်းဆုံး ဂီတဇာတ်မြူး အဖြစ်လည်းရွှေးချယ်ခံထားရတာဖြစ်ပါတယ်။

အဆိုပါ “Crazy Rich Asian” ဇာတ်ကားကို ပြီးခဲ့ တဲ့  သြဂုတ်လကတည်း က တစ်ကမ္ဘာလုံးရုံတင် ပြသခဲ့တာဖြစ်ပြီး ဒီနေ့ အထိ ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၃၈သန်း ရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ ဂျွန် အမ် ချူးက တစ်ပြိုင်တည်း သူ့ ရဲ့ ကားတစ်ကားတည်းအတွက် ဆုနှစ်ဆု ဆန်ကာတင်ရွးချယ်ခံရတဲ့အတွက်  သူဘမှာ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြော ဆိုပါတယ်။

မင်းသမီး ၀ူရဲ့  အမည်ရင်းက ကွန့် စတက် တီရန်မင် ၀ူ ဖြစ်ပြီး ၁၉၈၂ခုနှစ်က အမေရိကန်ပြည် ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ၀ူ့ မိဘနှစ်ပါးဟာ ထိုင်ဝမ် ကနေ့  ပြောင်းရွှေ့  အခြေခြလာသူတွေဖြစ်ကြပြီး ဖခင်ဖြစ်သူက ဇီဝဗေဒနဲ့  မျိုးရိုးဗီဇဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကတော့  ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးဖြစ်တယ်လို့  သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here