ရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခြင်းခံရတဲ့အတွက် ကျေးဇူးတင်ပါတယ် F4 မင်းသမီးချောလေး ဂင်ဂျန်ဒီ (ခေါ်) Ku Hye Sun

0
496

ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာလ ၁၄ ရက်က Yangon Waterboom မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကိုတော့ ကိုရီးယားနိုင်ငံမှ မင်းသမီးချောလေး Ku Hye Sun နဲ့ ကိုရီးယားမင်းသား Ko Yoon တို့က မြန်မာနိုင်ငံကို ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်အတွက် တက်ရောက်ခဲ့ပါတယ်။ ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖြစ်တဲ့ အကြောင်းအရင်း ကို F4 မင်းသမီးချောလေး Ku Hye Sun က ”မြန်မာနိုင်ငံကို ပထမဦးဆုံး ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ အတွက်လည်း စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ဒီ ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်ကြီး အောင်အောင်မြင်မြင်ပြီး ဆုံးသွားပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။ ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားခဲ့တယ်လို့လည်း သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here