အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်က မြန်မာနိုင်ငံရဲ့တစ်ဦးတည်း ကိုယ်စားလှယ် အနေနဲ့ စတင်တင်သွင်းရောင်းချမယ့် အီတလီနိုင်ငံထုတ် ‘THE BRIDGE FIRENZE 1969’ လက်ကိုင်အိတ်များ မိတ်ဆက်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက် နေ့က Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အနုပညာလုပ်ငန်းမှာလည်း ကြိုတင်ပြင်ဆင်မှုတွေနဲ့ အတူ ပရိသတ်အားပေးမှုတွေကြောင့် အောင်မြင်တဲ့ ပန်းတိုင်တစ်ခုကို ရရှိနေပြီး ပထမဦးဆုံးအကြိမ် လုပ်ကိုင်မယ့် စီးပွားရေး ဘက်မှာလည်း ဘယ်လိုပြင်ဆင်မှုတွေကို လုပ်ကိုင်ခဲ့ရသလဲလို့ မေးကြည့်တဲ့ အခါမှာတော့ အိန္ဒြာကျော်ဇင်က…
”ဒီနေ့ကတော့ The Bridge နဲ့ အူဝဲပေါင်း စည်းတဲ့ နေ့လေးလို့ ပြောလို့ရပါတယ်။ The Bridge ကို အူဝဲ ၂ဝ၁၇ လောက်က စတင်အသုံးပြုခဲ့တယ်။ အဓိကက ကိုယ်ကိုယ်တိုင်ကလည်း အိတ်ကို Crazy ဖြစ်တဲ့အထဲမှာပါတော့ ကိုယ် သုံးစွဲကြည့်တဲ့အခါမှာ အရမ်းသဘောကျခဲ့တဲ့အတွက် ကိုယ်က ဒါကိုလုပ်ချင်တဲ့စိတ်ဖြစ်ပြီး လုပ်ဖြစ် သွားတာပါ။ အူဝဲရဲ့ ဒီအိတ်ဆိုင်လေးကတော့ Junction City Level 2 မှာ ရှိပါတယ်။ ဒီအိတ်လေးထွက်ဖို့ ကြိုတင် ပြင်ဆင်မှုတွေက အဲ့လောက်တော့ မရှိပါဘူး။ အသုံးပြုလို့ကောင်းတဲ့ ပစ္စည်းတစ်ခုကို ကိုယ့်ရဲ့ ချစ်ခင်အားပေးသူတွေ သုံးစေချင်တာပါ”လို့ ပြောပါတယ်။
အမျိုးသမီးတွေအကြိုက် လက်ကိုင်အိတ်ထုတ်လုပ်တဲ့အပေါ် ယော က်ျားဖြစ်သူ ပြေတီဦးက အကြံပေး တာမျိုးရောရှိလားလို့ မေးကြည့်တဲ့ အခါမှာတော့ အိန္ဒြာကျော်ဇင်က ”ယောက်ျားက ဒီအလုပ်ကိုလုပ်တော့ အရမ်းပျော်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မဒီအိတ်ကို မလုပ်ခင်မှာ တခြား Brand၊ တခြားအိတ်တွေ ဝယ်တာပေါ့။ ဝယ်ပေးရတော့ ပိုက် ဆံကုန်တယ်လေ။ အခုအစ်မအဲဒီလို အိတ်ထုတ်လုပ်လိုက်တော့ သူအရမ်း ပျော်နေတယ် (ရယ်လျက်)လို့ ပြောပါတယ်။