၂ဝ၁၈ အတွက် ဖွေးဖွေးရဲ့သင်ခန်းစာတွေက ဘာဖြစ်မလဲ

0
756

ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဘယ်ကာရိုက်တာမဆိုကောင်းအောင် သဘာဝကျအောင် သရုပ် ဆောင်နိုင်သူလေးကတော့ ပရိသတ်ရဲ့ အချစ်တော် အကယ်ဒမီဖွေးဖွေးပဲဖြစ်ပါတယ်။ ကာရိုက် တာတိုင်း အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးကတော့ ‘ရည်းစားတစ်ဝမ်းကွဲ’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ဟာသတွေနဲ့အတူ ပရိသတ်ကို ပျော်အောင် ဖန်တီးပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

‘ရည်းစားတစ်ဝမ်းကွဲ’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်ပုံနဲ့ ဟာသကားဖြစ်တဲ့ အတွက် ကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲလို့ မေးကြည့်တဲ့အခါမှာ တော့ ဖွေးဖွေးက…

”ဒီဇာတ်ကားလေးက ငယ်ဘဝအလွမ်းပြေပေါ့နော်။ လွန်ခဲ့တဲ့ လေးနှစ်က ကားလေးဆိုတော့ အရမ်းပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ဖို့လည်း ကောင်းတယ်လို့ ခံစားရပါတယ်။ အမှန်တကယ် တော့လေ ဒီ ‘ရည်းစားတစ်ဝမ်းကွဲ’ ပေါ့နော်။ အဲဒီကားရုပ်ရှင်ရယ်လို့ ရိုက်တာမဟုတ်ဘူးလို့ ထင်တာပါ။ ဖွေးတို့ အဲဒီမှာ တဖြည်းဖြည်းနဲ့ ရိုက် ရင်းရိုက်ရင်းနဲ့ ဒီကားက ကောင်းလာတော့ ဖွေးတို့ ရုပ်ရှင်အနေနဲ့ ပြောင်းလိုက်တာပေါ့နော်။ ဒီကားထဲ မှာ အဝတ်အစားတွေကတော့ နည်းနည်း ခေတ်နဲ့ ကြည့်မယ်ဆို Update အရမ်း မဖြစ်တော့ဘူး။ ဒါပေမဲ့ ရိုက်ထားတဲ့ Plot တွေကတော့ ခုထိအရမ်း ရယ် ရဦးမှာဆိုတော့ ပျော်ပါတယ်။ ဖွေးကတော့ ဟာသပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ်၊ ဘယ်အရာမဆို သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်း ဖြစ်ချင် တာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အားရပါတယ်။ ပရိ သတ်ကြီးလည်း ‘ရည်းစားတစ်ဝမ်းကွဲ’ ရုံတင်ရင်လာ ကြည့်ကြပါဦး”လို့ ပြောပါတယ်။

၂ဝ၁၈ မှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေမှာ ဖွေး ဖွေးရဲ့ ဇာတ်ကားတွေ အများကြီးပါဝင်နေတဲ့အတွက် ဒီ ၂ဝ၁၈ ဟာ ကိုယ့်အတွက် ဘယ်လိုနှစ်ဖြစ်မလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဖွေးဖွေးက ”ဒီ ၂ဝ၁၈ ကတော့ ရုပ်ရှင်တွေ အနေနဲ့လည်း ၂ဝ၁၆-၁၇ လောက်မှာ ကိုယ်စိစစ်ပြီး ရိုက်ခဲ့တဲ့အတွက် အသီး အပွင့်ကို ခံစားရတယ်လို့ ထင်ပါတယ်။ ဒီ ၂ဝ၁၈ မှာ ပရိသတ်စိတ်ကျေနပ်မယ့် ကားတွေ ရုံကို လူဝင် များတဲ့ကားတွေမှာပဲ ပါဝင်ခွင့်ရခဲ့တယ်ပေါ့နော်။ ဒါတွေဟာ ဖွေးလွန်ခဲ့တဲ့နှစ်လောက်ကတည်းက စိစစ် ပြီး ရိုက်ကူးခဲ့တာပေါ့။ တချို့ ပရိသတ်တွေကြတော့ လည်း အရမ်းတန်ဖိုးထားကြတယ်။ တချို့ကျတော့ လည်း တိုက်ခိုက်တဲ့လူတွေနဲ့လည်း တွေ့ရတယ်ပေါ့ နော်။ ၂ဝ၁၈ ရဲ့ သင်ခန်းစာတွေပါပဲ”လို့ ဖွေးဖွေးက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here