ပိုင်ဖြိုးသုအပေါ် ဇဏ်ခီ ရဲ့ အမြင်သုံးသပ်ချက်

0
264

ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ လတ်တလောမှာ Now & Ever ရုပ်ရှင်ဇာတ်ကား အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဇဏ်ခီ ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားတစ်ကားလို့ပြောရမယ့် Now & Ever ဇာတ်ကားမှာကော ပရိသတ်အတွက် ဘယ်လိုမျိုး စိတ်ဝင်စားစရာတွေ ပြင်ဆင်ထားလဲလို့ မေးကြည့်တဲ့အခါ မှာတော့ ဇဏ်ခီက”ဒီကားလေးက အချစ်ဒရာမာ ထဲမှာပဲရှိပါတယ်။ ဒါပေမဲ့ သမားရိုးကျ Romance လိုတော့ မဟုတ်ဘူး ပေါ့နော်။ သူက အတိတ်နဲ့ အနာဂတ်ကိုပြသွားတာပေါ့နော်။ နေရာ Location ရွေးချယ်မှုတွေက ဇာတ်လမ်းနဲ့ တိုက်ရိုက် ဆက်စပ်တာတော့မရှိဘူး။ ထိုင်းထွက် ရိုက်လည်းရတယ်။ ဒါ ပေမဲ့ မြန်မာပြည်မှာ Tourism ကောင်းလာအောင် မြန်မာပြည်က Location တွေနဲ့ရအောင် ရိုက်မယ်ဆိုပြီးတော့ လိုက်ရှာတယ်။ မထင်မှတ်ဘဲနဲ့ နေရာတော်တော်များများတွေ့ခဲ့တယ်။ အဲဒီအတွက်လည်း ကျေနပ်မှုရှိပါတယ်”လို့ ပြောပါတယ်။

Now & Ever ဇာတ်ကားမှာ အကယ်ဒမီပိုင်ဖြိုးသုကို မင်းသမီးအဖြစ် ရွေးချယ်ခဲ့တဲ့အပေါ်ကို မေးကြည့် တဲ့အခါမှာတော့ ဇဏ်ခီက ”ဒီကားထဲမှာ သုသုလုပ်ရမယ့် ကာရိုက်တာက ဝတ်မှုန်ဆိုတဲ့ ကာရိုက်တာပေါ့။ ကာရိုက်တာက သူကနည်းနည်း စိန်ခေါ်မှုများတယ်။ Acting Skill တကယ်ရှိတဲ့ လူတစ်ယောက် လိုအပ်နေတာ။ အဲဒါကြောင့် အချိန်ကြာကြာ ခရစ္စလည်း ရှာလိုက်ရတယ်။ အဲဒီမှာ နောက်ဆုံး သုသုကို မီမှာ သွားကြည့် ဖြစ်တယ်။ မီမှာသွားကြည့်တဲ့အချိန်မှာ သူ့မှာသရုပ်ဆောင်မယ့် ကာရိုက်တာကို အိုဗာမဖြစ်ဘဲနဲ့ ကွက်တိသရုပ်ဆောင်နိုင်တယ်။ အဲဒီမှာ ခရစ္စလည်းသဘောကျပြီး သူနဲ့ဆို အဆင်ပြေလောက်တယ်ဆိုပြီး ကမ်းလှမ်းကြည့်တယ်။ အဲဒီမှာ သူကလည်း နောက်နှစ်ထဲမှာလည်း သူယူထားတဲ့ အလုပ်တွေလည်း မရှိဘူးတဲ့။ တစ်ကားဆို တစ်ကားကောင်းကောင်း ရိုက်ချင်တော့တယ် ဆိုပြီးပြောတော့ ကျွန်တော်တို့နဲ့ ကွက်တိဖြစ်သွားတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here