မန္တလေးစာပေနှင့် အနုပညာရှင်များ၏ စုပေါင်းမဟာဘုံကထိန်တော် ရေစက်ချပွဲ ဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပ

0
279

မန္တလေးစာပေနှင့် အနုပညာရှင်များ၏ ၁၇ ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်တော် ရေစက်ချ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၆ဝ၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ နဂါးကွက်သစ်ရှိ ဘာဝနာဂုဏ်ရည်တေဇာလင်း ဓမ္မရိပ်သာကျောင်းတိုက်တွင် ကျင်းပရာ မန္တလေးစာပေ အနုပညာရပ်ဝန်းမှ စာပေအနုပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တက်ရောက် လာကြသူများက ရဟန်းစာဆို စာချ ဓမ္မကထိက ဆရာတော်ဘဒ္ဒန္တတေဇ နိယ (တက္ကသိုလ်တေဇာလင်း) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကထိန်အလှူငွေကျပ်သိန်း ၃ဝ နှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် များအား ရေစက်ချလှူဒါန်းကြောင်း သိရသည်။

မန္တလေးစာပေနှင့် အနုပညာရှင်များ ကထိန်တော်ကို ဒီဇင်ဘာ ၈ ရက် ညနေက မန္တလေးမြို့၊ လူထုစာအုပ်တိုက်ရှေ့တွင် ခင်းကျင်းခဲ့ပြီး ညပိုင်းတွင် မန္တလေးလူငယ် သတင်းသမားများ၏ မြရိပ်ကွန်း အငြိမ့်အဖွဲ့က တေးသီချင်း၊ ယိမ်းအက၊ တေးသရုပ်ဖော်၊ အငြိမ့်နှင့် ပြဇာတ်တို့ကို ကပြဖျော်ဖြေတင် ဆက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here