ကျေးရွာပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဒီဇင်ဘာ ၁၂ ရက်မှာ စတင်ကျင်းပ

0
339

၂ဝ၁၈ ခုနှစ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖလား ကျေးရွာပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်နေ့၊ ညနေ ၃ နာရီ ခွဲတွင် တောင်းအင် ကျေးရွာရှိ ဖူဆယ်ကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာတောင်းအင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဗိုလ်သိန်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း၊ မော်လိုက်မြို့နယ် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် တောင်းအင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ သည်။

ပြိုင်ပွဲဝင် ကျေးရွာအသင်းပေါင်း ၂ဝ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖွင့်ပွဲ ပွဲစဉ်အဖြစ် တောင်းအင်(က)အသင်းနှင့် ပညာရေးအသင်းတို့ယှဉ်ပြိုင်ရာ ပညာရေးအသင်းမှ အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here