မန်းတက္ကသိုလ် ရာပြည့်အကြို ဓာတ်ပုံ ပြပွဲနှင့် ပြိုင်ပွဲ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင် ကျင်းပမည်

0
289

မန္တလေးတက္ကသိုလ် စာကြည့်တိုက်က စီစဉ်တဲ့ မန္တလေးတက္ကသိုလ် ရာပြည့်အကြိုဓာတ်ပုံပြပွဲနှင့် ပြိုင်ပွဲ အစီအစဉ်ကို ဒီဇင်ဘာလ ၂၇ ရက် မှ ၂၉ ရက်အထိ မန္တလေးတက္ကသိုလ် စာကြည့်တိုက်ရှေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“Library Marketing အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်တာပါ။ ကျောင်းသူကျောင်းသားတွေ စာကြည့်တိုက်ကို ပိုမိုသိရှိအသုံးပြုလာ တတ်စေမယ့် အကျိုးကျေးဇူးအတွက် ရည်ရွယ်ပြီး နံရံကပ်စာစောင်၊ စာပေစကားဝိုင်း၊ ရေးသူ၊ ဖတ်သူဆွေးနွေးပွဲတို့ကို ဆက်လက်ဆောင်ရွက် သွားမှာပါ။ ဓာတ်ပုံပြိုင်ပွဲမှာ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်ထမ်းတွေပဲ ပါဝင်ခွင့်ရမှာပါ၊ တက္ကသိုလ်ရဲ့ ပုံရိပ်တွေပါရပါမယ်၊ အဲဒီပုံရိပ်နဲ့အတူ ကျောင်းသားကျောင်းသူတွေ ပါရမယ်ပေါ့၊ ဓာတ်ပုံရိုက်သူနဲ့ မော်ဒယ်လ်က ကျောင်းသားကျောင်းသူတွေပဲ ဖြစ်ရမယ်” လို့ မန္တလေးတက္ကသိုလ်စာ ကြည့်တိုက်မှူး ဒေါ်လှလှဝင်းက ပြောပါတယ်။

ဓာတ်ပုံပြပွဲမှာ မန္တလေး တက္ကသိုလ် အဆင့်ဆင့် ပြောင်းလဲလာပုံများ၊ မန္တလေးတက္ကသိုလ်မှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်နဲ့ ပါမောက္ခများ၊ မန္တလေးတက္ကသိုလ်ကျောင်း သားကျောင်းသူတွေရဲ့ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာပုံများ၊ မန္တလေး တက္ကသိုလ်ထွက် အောင်မြင်ကျော်ကြား ပုဂ္ဂိုလ်များ၊ မန္တလေးတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဂီတစာပေအနုပညာ ဘာသာရေး ဘွဲ့နှင်းသဘင် အခမ်းအနားများ၊ မန္တလေးတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ပြပွဲပြိုင်ပွဲ အခမ်းအနားများနဲ့ ဘာသာရပ်အသင်း လှုပ်ရှားမှုများအား ခင်းကျင်းပြသပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here