မိုးသားအပြာရောင်ပေါ်က အဖြူရောင်စုတ်ချက်လေး

0
259

လရာသီပြောင်းတစ်နွေဆောင်း တော့ မိုးနှောင်းရာသီရောက်ခဲ့ပြီ။ ကောင်းကင်က ပြာ …ဆောင်းမှာ လည်း ချမ်း လမြတ်ရာသီ ဆောင်း လချမ်းမှာ တောလုံးအတွင်း အင် ကြင်းပန်းများ ပွင့်လေပြီ .. ဗုဒ္ဓထံ ပါး မေတ္တာထား၍ မိန့်ကြားတရား နာခဲ့ပြီ၊ ငါ့မှာ မာန်ရှိ မှန်တာသိ အောင် စောင်းသံလေးနှင့် ညှိခဲ့ပြီ မလျော့မတင်း စောင်းကြိုးညှင်းတဲ့ စောင်းသံလေးလဲ ငါကြားခဲ့ရတယ်။ မလျော့မတင်း စောင်းကြိုးညှင်းတော့ မဇ္ဈိမအလယ်ဖြစ်ခွင့်ရတယ် …

မြိုင်တောအလယ် ရေကြည် စမ်းလေး စီးကာသွားတော့ ကျေး လက်သာရကာလေးများ သောက်ခွင့် ရတယ် …မိတ္တီလာနယ် ဝမ်းတွင်း အရပ်က ပြခွေတောင်လေး ဗဟိုပြု တဲ့ မဇ္ဈိမဒေသလည်း ဖြစ်ခဲ့တယ်။

ချိန်ခွင်လျာလို ညီညာပို မှန်စွာ ဆိုဖို့ ဥပဒေလေးနှင့် ညှိခဲ့တယ် … အလေးနှင့် ပစ္စည်းညီအောင် ညှိပြီးရောင်းသူ၊ ဝယ်သူကျေနပ်ပြီးရင် ပိုလို ချင်၍ မရပြီ …ချိန်ခွင်ကိုသာ မေတ္တာအစဉ်သုံးသင့်ပြီ။

ဝယ်သူကလည်း အလေးပြည့် မလားလို့ သွားမမေးနှင့်။

ရောင်းသူကလည်း အလေးကို ဦးထား၍ ရောင်းခဲ့ပြီ။

အဲဒီစိတ်ကလေးနဲ့ ချိန်ခွင်ကို လည်း မကြည့်နှင့် …

မေတ္တာကိုပဲကြည့်၊ စေတနာ ထား၍ ဆပွားသီးနှံဖြစ်ခဲ့ပြီ။ ဝယ်သူ ကလည်း မေတ္တာထား၊ ရောင်းသူက လည်း မေတ္တာထား၊ ရောင်းသူမှန် လျှင် ဝယ်သူကလည်း ဟန်ကျပြီ။

အသက်ခြောက်ဆယ်ကျော်ခဲ့ပြီ …နောင်လာနောင်သား ၇ ရက် သားသမီးများ လူလားမြောက်အောင် ပြုစုပျိုးထောင်ရဦးမည်။ ဘယ်သူ မပြု မိမိမှု့ ဦးဆောင်မေတ္တာထားရ မည်။ နတ်ပြည်က ဟင်းလည်းမလာ ပြီ။ လူ့ပြည်မှာပဲ သုံးလို့ရတဲ့ ငွေကြေး တွေ ဦးဆောင်ပြီးတော့ လောဘ၊ ဒေါသ၊ မောဟတွေနှင့် နေခဲ့ကြ တယ် …

ငြိမ်းချမ်းတဲ့စိတ်ကလေး … လောကကို ဦးဆောင်ရဦးမည်။ ဘဝအမှောင်၊ စိတ်အမှောင်တွေကို ဖယ်ရှားပြီး ဖြူစင်မေတ္တာလေးနဲ့ နေ ခဲ့ကြတဲ့အချိန် …အချိန်မရှိပြီ …ကလေးတွေအတွက်၊ လူငယ် တွေအတွက် လူကြီးတွေက မေတ္တာ ထားပြီး ဦးဆောင်ရမည်။ သနားစရာ ကလေးတွေရဲ့ မျက်နှာတွေပါ … ဟိုပြေးနေရ၊ ဒီပြေးနေရ …မငြိမ်း ချမ်းတဲ့ လူ့ဘဝတွေ …တစ်ကမ္ဘာ လုံး ပြည့်ပြည့်ဖုံး၍ သွားလာလှုပ်ရှား လူ့ဘဝများက …တီထွေးကြီးပမာ ဖြစ်ခဲ့ရပြီ …တို့ပြည်ကောင်းစား လူအများ မေတ္တာစိတ်ထားကြရမည်။

သူရှိနေလျှင် သက်ရှည်ကျန်းမာ အခြေကျ၍ အလှစိတ်ကလေးနှင့် နေရမည်။ အရောင်တွေ၊ အဆင်း တွေ၊ အလှတရားတွေကို ရှေ့မှာထား ပြီးတော့ အဖြူရောင်မေတ္တာလေး တွေကို အဖြူရောင်ကမ္ဘာလေးနှင့် ငြိမ်းချမ်းသောကမ္ဘာလေး တည် ဆောက်ကြရအောင် …

အဖြူရောင် ရွှေဂျိုးဖြူလေး တွန်သံပေး၍ ပျံသန်းနိုင်ပါစေ … အရောင်ကိုဖယ် ဖြူစင်တဲ့မေတ္တာတွေ နဲ့ ကမ္ဘာကြီးရှိ ငါတို့နိုင်ငံ တိုင်းရင်း သားပေါင်းစုံတဲ့ …ငြိမ်းချမ်းသာ ယာတဲ့ လောကကြီးတစ်ခွင် တည် ဆောက်နိုင်မည့် ပန်းချီကားလေးတစ် ချပ် ငါရေးဆွဲရအုံးမည် …

တင်လှဝင်းတင်

ဆေးရောင်စုံပါမှ ပန်းချီကား တစ်ကားရေးဆွဲလို့ရတယ်။ စုစုစည်း စည်းရောင်စုံဖြာတဲ့ ပန်းချီကားတစ် ချပ်မေတ္တာနဲ့ ရေးရပေဦးတော့မည် ပ။

ဟေ့ ဂျိုးဖြူငှက်ကလေး ဆေး ရောင်တွေ မပါဘဲနှင့် ငြိမ်းချမ်းတဲ့ အပြာရောင်ကောင်းကင်မှာ မင်းပြန် သွားခဲ့တာ ငါမြင်နေမိတယ် … ပေါ့။ မြန်မာပြည်မြောက်ပိုင်းမှ ကစ္စန်ဒီရောက်အောင် ပျံသန်းခဲ့ပါ နော်။ မင်းမှာ ဂီတသံစဉ်လေးတွေရှိ တယ်။ အပိုမပါတဲ့ တောင်ပံလေး လည်း မင်းမှာရှိတယ်။ မင်းရဲ့တောင် ပံဖြူလေးတစ်ခုတောင် ပေးပါလား ကွယ်။ ငါ့မင်းရဲ့တောင်ပံလေးကို စုတ်တန်လေးအဖြစ်နဲ့ ရေးဆွဲချင်ပါ ရ။

ပန်းချီတင်လှဝင်းတင်


LEAVE A REPLY

Please enter your comment!
Please enter your name here