မြန်​မာသံစဉ်​အဆိုတော်​အသစ်​တွေပေါ်ပေါက်​လာတဲ့အတွက်​ ကျေးဇူးတင်​ပါတယ်​ဆိုတဲ့ ဗညားဟန်

0
478

မြန်​မာသံစဉ်​တွေကို ပီပြင်​အောင်​သီဆိုနိုင်တာ ကြောင့်​ ပရိသတ်​တွေရဲ့အားပေးမှုကို ရရှိထားသူကတော့ ဗညားဟန်​ပါ။ အခုနောက်​ပိုင်းမှာ မြန်​မာသံစဉ်​အဆိုတော်​ တွေအမြောက်​အမြား ပေါ်ပေါက်​လာတဲ့အတွက်​ ဝမ်းသာ ပီတိဖြစ်​မိတယ်​ဆိုတာကို ဗညားဟန်​က အခုနောက်​ပိုင်း မြန်​မာသံစဉ်​အဆိုတော်​အသစ်​တွေ အမြောက်​အများပေါ် ပေါက်​လာတဲ့အတွက်​ သူတို့အတွက်​ဝမ်းသာပါတယ်​။

“သူ တို့လည်း မနည်းရုန်းကန်​ပြီးလုပ်​ရတာ။ ဒီခေတ်​ကသိတဲ့ အတိုင်းအခွေထွက်​ဖို့ကလည်း မလွယ်​ဘူး။ အခွေထွက်​ပြီ ဆိုလည်း ဗကိငသ ကြီးပဲမရဘူး။ အရုပ်​ကလေးပါပါမှ။ စီးရီးတစ်​ခွေထွက်​ဖို့ အများကြီးရင်းနှီးရပါတယ်​။ အချိန် တွေ၊ ငွေတွေ၊ အများကြီးရင်းနှီးရတာမို့လို့ အခုလိုမျိုး မြန်​မာသံစဉ်​အဆိုတော်​အသစ်​တွေ ပေါ်ပေါက်​လာတဲ့အတွက်​ ချီးလည်း ချီးကျူးတယ်​။ ဝမ်းလည်းသာတယ်​။ အားလည်း အားပေးတယ်​။ ကျေးဇူးလည်းတင်​ပါတယ်”လို့ ပြောပြ ခဲ့ပါတယ်​။ အခု မြန်​မာသံစဉ်​အဆိုတော်​တွေက သီချင်း တစ်​ခွေထွက်​လို့ အကျိုးအမြတ်​ကို မျှော်လင့်​နေတဲ့ အဆို တော်​တွေ မဟုတ်ပါ​ဘူးဆိုတာကို ”အခုသီချင်းခွေတွေ လုပ်​နေတဲ့ အဆိုတော်​တွေက ငွေကုန်​ကြေးကျခံပြီး ပရိ သတ်​သိအောင်​လုပ်​နေတဲ့ အဆိုတော်​တွေကြီးပဲ။ သီချင်း ခွေထွက်​လိုက်​လို့ ဘယ်​လိုမျိုးပြန်​ရမယ်​။ ဘယ်​လိုမျိုး မြတ်​မယ်​ဆိုတာ ဘယ်​သူမှမတွေးတော့ဘူး။

အခွေတစ်​ခွေထွက်​လိုက်​လို့ သီချင်းတစ်​ပုဒ်​၊ နှစ်​ပုဒ်​ပေါက်​သွားတယ်​ဆိုရင်​ပဲ အဆိုတော်​တွေက ကျွမ်းထိုးမတက်​ပျော်​ရွှင်​နေကြတာ။ အကျိုးအမြတ်​တွေကိုလည်း မမျှော်လင့်​ကြပါဘူး။ ပရိ သတ်​အားပေးမှုကိုပဲ လိုချင်​ကြတာပါ”လို့ ဗညားဟန်​က ပြောပြခဲ့ပါတယ်​။ တစ်​ကိုယ်​တော်​သီချင်းခွေသစ်​ထွက်​ထားတာနဲ့ပတ်​သက်​ပြီး ဗညားဟန်​က”တစ်​ကိုယ်​တော်​အခွေလည်း ဒီနှစ်​ထဲထွက်​ထားပါတယ်​။ ပရိသတ်​သိပြီ သားသီချင်းတွေကြီးပါပဲ။အစ်​ကိုက သီချင်းခွေထွက်​တာကို ဏမသာသအငသည တွေ၊ ဘာတွေမလုပ်​ဖြစ်​ဘူး။ ဒီအတိုင်းပဲ အခွေထွက်​လိုက်​တာ။ အစ်​ကိုက သီချင်းအခွေတစ်​ခွေ ထွက်​တော့မယ်​ဆိုရင်​ သီချင်းတွေအကုန်​လုံးကို င်္ခေနဘသသု ပေါ်မှာတင်​တယ်​။ ပရိ သတ်က ကြိုက်​တယ်​။ သဘောကျ တယ်​ဆိုရင်​ င်္ခေနဘသသု ပေါ်တင်​ထားတဲ့သီချင်းတွေထဲက ၁ဝ ပုဒ်​လောက်​ကိုရွေးပြီး အခွေထုတ်​တယ်။

အခုအချိန်​က ပွင့်​လင်းရာသီဖြစ်​တဲ့အတွက်​လည်း နယ်​ပွဲတွေသွားနေတယ်​။ သီချင်းအသစ်​တွေလည်းဆိုနေ တယ်​။ နောက်​ထပ်​အခွေသစ်​ထပ်​ထွက်​ဖို့လည်း ပြင်​ဆင်​နေပါတယ်​”လို့​ ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ-အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here