သရုပ်ဆောင်မင်းသမီး အမ်မလီဘလန့်ကို မကြာခင်ပေးအပ်ချီးမြှင့်မယ့် အက်အေဂျီ ရုပ်ရှင်ဆု (Screen Actors Guild Award) အတွက် ဆန်ကာတင်ဆုနှစ်ဆု စာရင်းဝင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ဆန်ကာတင်စာရင်းသွင်းရွေး ချယ်ခံရတဲ့ဆုတွေ ကတော့ ‘ Mary Poppins Returns’ ဇာတ်ကားအတွက် သရုပ်ဆောင်ဆု၊ ‘A Quiet Place’ ဇာတ်ကားအတွက် ဇာတ်ပို့ ဆုနေရာတွေအတွက်ပဲ ဖြစ်ပါတယ်။
ဒီနှစ်အတွက် ဆန်ကာတင်စာရင်းမှာ နာမည်ကျော်တွေဖြစ်တဲ့ သရုပ်ဆောင် ခရစ်ရှန်ဘဲ၊ အိုလီဗီယာ ကိုးလ်မန်းစတဲ့ ဗြိတိန်ကြယ်ပွင့်တွေလည်း ပါဝင်နေပါတယ်။ အန်မလီဟာ အင်္ဂလိပ် အမေရိကန်ကပြားဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံး ရုပ်ရှင်ဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆုများစွာ ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
Ref : BBC