ချစ်သူအသစ်ရနေတာ ဟုတ်မှန်ကြောင်း ဘရွတ်ကလင်းဘက်ဟမ်းက ဝန်ခံပြောဆို

0
180

ဘရွတ်ကလင်းဘက်ဟမ်းကတော့ သူ့ရဲ့ အချစ်ဇာတ်လမ်းအသစ်နဲ့ ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

သူ့ချစ်သူအသစ်ကတော့ နာမည်ကြီး မော်ဒယ်လ် ဟာနာခရော့စ်ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့(ဒီဇင်ဘာလ ၁ဝ)ရက်နေ့က ကျင်းပခဲ့တဲ့ ၂ဝ၁၈ ခုနှစ်ဆောင်းရာသီဗြိတိန် ဖက်ရှင်ချီးမြှင့်ပွဲရဲ့ ညနေစာစားပွဲကို အတူတွဲပြီး တက်ရောက်လာခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဘရွတ်ကလင်းနဲ့ ဟာနာတို့နှစ်ဦး တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး သွားလာနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်တော့ ဘရွတ်ကလင်းက အတည်ပြုဝန်ခံခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲကျင်းပရာနေရာကတော့ လန်ဒန်မြို့က တော်ဝင်ရွိုင်ရယ် အဲလဘတ်ခန်းမ မှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ အဲဒီပွဲကို ဘရွတ်ကလင်းရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဒေးဗစ် ဘတ်ဟမ်းနဲ့ ဗစ်တိုးရီးယားဘက်ဟမ်းတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရတော့ ဘရွတ်ကလင်းနဲ့ ဟာနာတို့နှစ်ဦး ချစ်သူဖြစ်နေတာ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းကလို့ သိရပါတယ်။ လက်ရှိမှာတော့ ဘရွတ်ကလင်းက အသက် ၁၉ နှစ်အရွယ် ဖြစ်ပြီး ဟာနာအသက်ကိုတော့ ၂၁ နှစ် စွန်းစွန်းရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here