လူဝင်စားတွေဟာ တစ်ခါတလေ မိုးအုံ့တဲ့ရက်တွေမှာ သူတို့ဘယ် ဘဝကလာခဲ့ကြတယ်ဆိုတာ ပြောပြ နိုင်ကြသလို ကဗျာဆရာတွေဟာ သူ တို့ဘယ်လိုခေတ်စနစ်တွေ ဖြတ်သန်း လာကြတယ်ဆိုတာ တစ်ခါတလေ နေ့ရက်တွေမှာ ပြောပြနိုင်ကြတယ်။ နွေဖြစ်ပါစေ၊ မိုးဖြစ်ပါစေ၊ ဆောင်း ဖြစ်ပါစေ ကဗျာဆရာဖြတ်သန်းရင် မြေကြီးထဲက တီးတိုးသံတွေ ထွက် လာသလို မိုးကောင်းကင်ထဲက ဟစ် အော်ထစ်ချုန်းသံတွေ ကြားရသလို လဟာပြင်ရဲ့ ကြီးမားတဲ့တိတ်ဆိတ်မှု ကိုတွေ့ရသလို …သူတို့အရမ်းနာ ကျင်နေကြပါပြီ။
ခေတ်ကြီးဟာ အသက်ကိုဖြည်း ဖြည်းချင်းရှူလို့၊ နေကောင်းရဲ့လားလို့ မေးလာသူကို မဆိုးပါဘူးလို့ ပြန်ဖြေ နေရဲ့။ အခုကျွန်တော်ဖတ်ရှုကြည့်နေ တဲ့ ‘သတ်ပုံမမှားစေနဲ့’ကဗျာစာအုပ် ထဲမှာ ကျွန်တော့်ကို လက်ညှိုးထိုး ပြောနေသလို ခံစားရစေတဲ့ ကဗျာ တွေ ကျွန်တော့်ကို ငါနဲ့အနေသာကြီး ပဲလို့ မပြောနိုင်အောင် ရှော့(ခ်)ချည်း ရသွားစေခဲ့တဲ့ကဗျာတွေ တစ်ခုခုကို စဉ်းစားမိရင် မှားယွင်းသွားနိုင်ပြီး ဘာမှမစဉ်းစားဘဲနေရင် မမှန်မကန် ဖြစ်ရပ်တစ်ခုပမာနဲ့ နည်းနည်းပါးပါး နားနားပြီး စဉ်းစားကြည့်ပြန်တော့ အမှန်ကို လွယ်လွယ်နဲ့ မသိနိုင်ပြန်ဘူး လို့ ရင်ခုန်ရစေမယ့် ကဗျာတွေကို အဆင်သင့်ထုတ်လုပ်ထားကြောင်း တွေ့ရပါတယ်။ အဂ္ဂမိုး၊ အလင်း ရောင် (မြို့သာ) ဇင်မင်း (မြို့ဘ)၊ မြင့်စည်သူ (မြိုင်)၊ နန္ဒမန်းကြယ် (တွင်းငယ်)၊ ဟိဏ်းဦးဆည် (တန့် ဆည်မြေ)၊ ဥာဏကျော်၊ သျှိုင်းမေရီ သုန် (ဧရာဝတီ)ရယ်လို့ အမည်နာမ ရှိသူတွေ၊ ကဗျာရေးသားခြင်းကို ပြု လုပ်သူတွေက စစ်ကြီးဖြစ်ပွားပြီးသွားတော့ အိပ်မက်မြင်သူ အဘိုးအိုဟာ နိုးလာပြီး သူ့အိပ်မက်ဆန်းတွေ ကို သူတို့အားလုံးကို ပြောကြားရစ်ခဲ့သည့်အလား။ သူတို့ဟာ ကဗျာရေးသူတွေပါပဲ။ သူတို့ဟာ ကဗျာဆရာ တွေပါပဲ။ သူတို့အရေးအသားတွေဟာ ကဗျာတွေပါပဲ။ ကဗျာအဖြစ် ကြိုးပမ်းမှုတွေပါပဲ။
အဘိုးအိုက ဘယ်မှာလဲ။ အဘိုးအိုက ဘာလဲ။ အဘိုးအိုဟာ တကယ်ပဲ အိပ်စက် အိပ်မက်တွေ မက်ခဲ့တာလား။ အဘိုးအိုဟာ စစ်ကြီးထဲမှာ ဘာကြောင့်အိပ်စက်နေနိုင်တာလဲ အဘိုးအိုက ဝစနာလင်္ကာရ ပုံဆောင် ပြောပြမှုတစ်ခုမျှသာလား။ အဘိုးအို ဟာ သမိုင်းခေတ်အဆက်ဆက်ရဲ့ အတွေ့အကြုံတွေကို ရည်ညွှန်းတာလား။ အဘိုးအိုဟာ အကျပ်အတည်းကာလရဲ့ မျှော်လင့်ချက်လား။ အဘိုးအိုဟာ အမ တလား။ သတ်ပုံမမှားစေနဲ့လို့ ကဗျာဆရာတွေက ပြောနေပါတယ်။ အဘိုးအိုရဲ့ စကားတစ်ခွန်းလို့ နား လည်လိုက်ချင်ပါတော့တယ်။ အားလပ်သောနေ့ရက်တစ်ခုမှာ ကဗျာစာအုပ်တစ်အုပ်ကို ဖတ်ကြည့်ပြီး ဒီလိုရေးခဲ့မိတာပါ။
နေမျိုး