စင်ကာပူ ရှိုးပွဲမှာ Jonghyun အတွက် အမှတ်တရ သီချင်းသီဆိုခဲ့တဲ့ IU

0
237

ကိုရီးယားပေါ့ အဆိုတော်မလေး IU ဟာစင်ကာပူမှာ ဒီဇင်ဘာ Jonghyun၅ရက်နေ့က သီဆိုဖျော်ဖြေခဲ့ပါတယ်။ဖျော်ဖြေနေစဉ်အတွင်း သူဟာ Gloomy Clock သီချင်းအစား Jonghyun ရေးသားပေးခဲ့တဲ့ Modern Times သီချင်းကို ပြောင်းလဲသီဆိုခဲ့ ပါတယ်။

သူဖျော်ဖြေတင်ဆက်မယ့် သီချင်းတွေထဲမှာ Modern Times သီချင်းမပါဝင်ခဲ့ပေမယ့် Jonghyunရဲ့ တစ်နှစ်ပြည့်ကို လွမ်းဆွတ်တဲ့ အနေဖြင့် အခုလိုပြောင်းလဲသီဆိုခဲ့တာပါ။

IU ဟာသီချင်းမဆိုခင်မှာ သူအရမ်းလွမ်းနေတဲ့ သူတစ်ယောက်အတွက်ပါဆိုပြီး ပရိတ်သတ်ကို ပြောပြခဲ့ပါတယ်။

ပရိတ်သတ် တွေကလည်းသူ့ရဲ့ သီချင်းကို နားထောင်ရင်း Jonghyun ကို သတိရခဲ့ပါတယ်။Jonghyun ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ 18 ရက်နေ့က သေဆုံးခဲ့ပြီး အခုဆို တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here