ရုပ်ရှင်ရိုက်ဖို့ကိုစွန့်လွှတ်လိုက်တဲ့ဝိုင်းစုခိုင်သိန်း

0
286

ပြင်ဦးလွင်ပန်းပွဲတော်ဖွင့်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ဝိုင်းစုခိုင်သိန်းကို သူနဲ့ ပြင်ဦးလွင်အကြောင်း အမှတ်တရမေးတော့ ပန်းပွဲတော်က နှစ်တိုင်းလိုလိုဆိုဖြစ်နေတာ အမှတ်တရတစ်ခုပါလို့ ဆိုပါတယ်။ နောက်ထပ်အမှတ်တရကတော့ သူအနေနဲ့ အရင်တုန်းကလို ရုပ်ရှင်ရိုက်ကူးခဲ့တုန်းက ပြင်ဦးလွင်မှာ တစ်လကျော် နှစ်လလောက်နေပြီး ရှုတင်နား နေတဲ့အချိန်တွေမှာဆိုရင် ဒေသစာလေးတွေလိုက်စားရတာ အမှတ်တရပါလို့ဆိုပါတယ်။ ဝိုင်းစုခိုင်သိန်း ရုပ်ရှင်မရိုက် ဖြစ်တော့တာကြာပြီ။ ဘာကြောင့်မရိုက်ဖြစ်တော့တာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သူက…

”ဝိုင်းစုမရိုက်ဖြစ်တာတောင် ၅ နှစ်လောက်ရှိပြီ။ ဘာမှဖြစ်လို့တော့မဟုတ်ဘူး။ ဝိုင်းစုအဆိုဘက်ကိုပဲ တစ်စိုက် မတ်မတ်လုပ်ချင်လို့ပါ။ ဘာမှဖြစ်လို့မဟုတ်ဘူး။ အခုလာခေါ်တဲ့ကားတွေလည်းရှိတယ်။ အဲဒီအထဲမှာ ဝိုင်းစုမအားတာ တွေလည်းရှိတယ်။ တချို့ဇာတ်လမ်းလေးတွေအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ ဝိုင်းစုရိုက်သွားမှာပါ။ အဓိကက ကိုယ်ကြိုက်တဲ့ ကာရိုက်တာက လုပ်ကွက်များများဆိုတာထက် သမားရိုးကျမဟုတ်ဘဲနဲ့ နည်းနည်းဆန်း ရိုက်ရ မယ်ဆိုလို့ရှိရင်တော့ ရိုက်ဖြစ်မယ်ပေါ့။ ဒါပေမဲ့ ဒီဘက်မှာ အလုပ် လက်မခံထားဘူး၊ မရှိဘူးဆိုရင်တော့တစ်မျိုးပေါ့။ ရှိတယ် ဆိုလို့ရှိရင်တော့ ဝိုင်းစုက ဒီဘက်ကိုပိုပြီး ဦးစားပေးလိုက်တဲ့ အတွက် ဂီတကိုပိုပြီးရွေးချယ်ရမှာပေါ့”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ နှစ်သစ်အစီအစဉ်က …”တရားစခန်းဝင်ဖြစ်မယ်။ ရက်တော့အတိအကျမသိ သေးဘူး။ နောက်လတော့ မှန်းထားတယ်”လို့ သိရပါ တယ်။

အနုပညာလှုပ်ရှားမှုတွေအနေနဲ့က တော့ …

”အခုကတော့ ပွဲ တော်ရာသီဆိုတော့ ပွဲတွေတောက်လျှောက်ဆိုနေပါတယ်။ ဝိုင်းစုရဲ့နောက်ထပ်အခွေလည်းလုပ်နေပါ တယ်”လို့ ဝိုင်းစုခိုင်သိန်းက ပြောပြ ခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here