ဝေဖန်တိုက်ခိုက်တာတွေကို မဖြေရှင်းတော့ဘူးခင်ဝင့်ဝါ

0
135

ခင်​ဝင့်​ဝါဆိုတာနဲ့ ချစ်​ဖို့ကောင်းတဲ့ သူ့ရဲ့မျက်​နှာကလေးကို ပရိ သတ်​တွေပြေးမြင်​မိကြမှာပါ။ ခင်​ဝင့်ဝါရဲ့ ဇာတ်​ကားတွေကို အား ပေးချင်​ကြတဲ့ ပရိသတ်​တွေအတွက်​ သူပါဝင်​သရုပ်​ဆောင်​ထားတဲ့ ကိုယ်​စောင့်​နတ်ရုပ်​ရှင်​​ဇာတ်​ကားကြီးကလည်း မကြာခင်​အချိန်​အတွင်း ရုံတင်​တော့မှာပါ။ အဆိုပါ ဇာတ်​ကားနဲ့ပတ်​သက်​ပြီး အမှတ်​တရရှိခဲ့တဲ့ အကြောင်း လေးတွေကို ခင်​ဝင့်​ဝါက. . .

”ကိုယ်​စောင့်​နတ်​ဇာတ်​ကားက လူငယ်​ဟာသ၊ အချစ်​ဖန်​စီကားလေး။ ဇာတ်​လမ်းကလည်း ကိုလွှမ်း ပိုင်​ကိုယ်​တိုင်​ဖန်​တီးပြီး၊ ကိုဝင်းလွင်​ထက်​က အကောင်း ဆုံးရိုက်​ကူးပေးထားတယ်​။ အမှတ်​တရအရှိဆုံးဆိုရင်​ သစ်​သားအိမ်​ပေါ်တက်ရိုက်​ရတဲ့အခန်း။ ညီမက အမြင့်​ကြောက်​တတ်​တယ်​။ အဲဒီအခန်း ရိုက်​ကူးနေ တုန်းကဆို ကြောက်​နေတာ။ အခုလိုမျိုးကိုယ့်​အနု ပညာမောင်​နှမတွေနဲ့ ပျော်​ပျော်​ပါးပါးရိုက်​ကူးရတဲ့အ တွက်​လည်းပျော်​ဖို့ကောင်းတယ်​။ ကိုယ်​စောင့်​နတ်​ ဇာတ်​ကားကိုလည်း လာရောက်​ကြည့်ရှုကြပါဦး”လို့ ပြောပြခဲ့ပါတယ်​။ ဝေဖန်​တိုက်​ခိုက်​မှုတွေကြောင့်​ အ ရင်​ကထက်​ ပိုရင့်​ကျင့်​လာတယ်​ဆိုတာကို ခင်​ဝင့်​ဝါက…

”ကိုယ်​တစ်​ယောက်​တည်းနေတက်​အောင်​ကြိုးစားပြီးတော့ ကိုယ့်​အလုပ်​နဲ့ကိုယ်​နေတတ်​လာတယ်​။ ဒီနှစ်​မှာ တော်​တော်​လေးလည်းဝေဖန်တာတွေရော၊ ​တိုက်​ခိုက်​တာတွေရောများ တယ်​။ တကယ်​တမ်း ကိုယ့်​ကိုယ်​ချစ်​တယ်​လို့ထင်​ထားတဲ့သူတွေ ပြဿနာတတ်​တဲ့အချိန်​မှာကိုယ့်​ဘက်​ကနေမရပ်​တည်​ပေးကြ ဘူး။ လူတွေရဲ့စိတ်​က အမျိုးစုံရှိကြတာလေ။ ဘာတွေဖြစ်​ဖြစ်​ ထွေ ထွေထူးထူး ဖြေမရှင်းတော့ဘူး။ အခုနောက်​ပိုင်းတော့ ဘာမှမဖြေရှင်းတော့ဘူး။ ဖြေရှင်းလေရှုပ်​လေဆိုတော့ ညီမ ဘာ မှ မပြောတော့ဘူး”လို့ ပြောပြခဲ့ပါတယ်​။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here