ပန်းဆိုးတန်းမှာ
အဟောင်းတွေ ရောင်းတယ်၊
ဗိုလ်ချုပ်ဈေးမှာ
အသစ်တွေ ပြတယ်၊
အမျိုးသားဇာတ်ရုံမှာ
အရုပ်တွေ ‘က’ တယ်၊
မြို့တော်ခန်းမမှာ
အိပ်မက်တစ်ပုလင်းဝယ်ရင်
ကွမ်းတစ်ယာ လက်ဆောင်ရတယ်၊
ရွှေတိဂုံစေတီတော် ဖလားလုပွဲမှာ
အသေအပျောက်ရှိသတဲ့ ၊
တိရစ္ဆာန်ရုံက တရားပွဲမှာ
ပဋိစ္စသမုပ္ပာဒ်ကို
ပြောင်းပြန်လှည့်ပြသတဲ့၊
သက်ငယ်မုဒိမ်းမှုကို
Live လွှင့်ဖို့ စီစဉ်နေတဲ့
အသံလွှင့်ဌာနလည်း ရှိသတဲ့၊
တွေ့ ကြလား
အောင်ဆန်းကွင်းအတွက်
ဘရင်းဂန်းထဲထည့်ထားတဲ့
ကျည်ဆယ့်သုံးတောင့်၊
ဖြတ်တင်ဘောကို
ရင်ဘတ်နဲ့ မတားမိတာ
မင်းသိပ်ကံကောင်းသွားတယ်
ရန်ကုန်ရေ့….။
မိုးကျော်ဌေး