Mrs Tourism Queen Of Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်ယဉ်သူဇာလွင်

0
224


Mrs Tourism Queen Of Universe (The World ) ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် အိမ်ထောင်ရှင်အလှ မယ် ယဉ်သူဇာလွင်ကဝင်ရောက်ဝင်ယှဉ်ပြိုင်မှာ ဖြစ် ပါတယ်။

”ညီမကအခု Mrs Tourism Queen Of Universe ( The World အဆင့်) ပြိုင်ပွဲပါ။နိုင်ငံ ပေါင်း ၁ဝ နိုင်ငံက အလှမယ်ပေါင်း ၂ဝ ကျော်လောက် လာရောက်ယှဉ် ပြိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံကအိမ်ရှင် အနေနဲ့ကျင်းသွားမယ့်ပွဲပါ။ ညီမကတော့ Mrs Queen Of The World Myanmar Organization ရဲ့ Brand Ambassador ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ညီမဝင်ရောက်ယှဉ်ပြိုင်သွား မှာပါ”လို့ ပြိုင်ပွဲနဲ့ပတ်သက်လို့အလှမယ် ယဉ်သူဇာ လွင်ကပြောပြပါတယ်။ ဆက်လက်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုတွေနဲ့ ပတ်သက်ပြီးလည်းသူက. . .

”ညီမက အခုပြိုင်ပွဲအတွက် catwalk ပိုင်း Performance ပိုင်း Talent ပိုင်းအပြင် National Costume ပိုင်း Dressing ပိုင်း National Giftစတာတွေအတွက်လဲ အထူးကြိုးစားပြင်ဆင်နေပါ တယ်။ အလှမယ်တစ်ယောက်မှာ Body Beauty Brain ပြည့်စုံရပါမယ်။ ဒါကြောင့် Body ပိုင်းကို က စားတယ်။ Beauty အလှအပအတွက်ဆိုတာ ထက် ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရအောင် ပြင်ဆင်နေပါတယ် ညီမရဲ့ MBA အတန်းနဲ့ဆိုင်တဲ့စာတွေ Nutrition နဲ့ ဆိုင်တဲ့ စီးပွားရေးနိုင်ဆိုင်တဲ့ စာတွေအပြင် ညီမက ဗဟုသုတရမယ့်စာတွေအပြင် ရသစာပေများကိုလည်း အမြဲအပြတ်ဖတ်နေတဲ့သူ တစ်ယောက်မို့ Brain အ တွက်ကတော့ အပြည့်အဝ ၁ဝဝ% Confidence ရှိပါတယ်ရှင့်။ညီမရဲ့ အဓိကအားနည်းချက်ဆိုရင် တော့ မိန်းမသိပ်မဆန်ဘဲသိပ်မပျော့တာ သိပ်မနွဲ့တာ ဖြစ်ပါတယ် ညီမ ဒါကိုလည်း ကြိုးစားပြီး ပြုပြင်နေပါ တယ်”လို့ ပြောပါတယ်။

အလှမယ် ယဉ်သူဇာလွင်ကMrs Queen Of The World Myanmar 2018 ( Sagaing Winner ) , Mrs Union Of Myanmar 2018 ( Taungoo Winner ), Mrs Queen Of The World 2018 (Tourism Ambassador )ဆုများအပြင် တခြားသွေှာငအအူန ဆုတွေကိုရရှိထားကြောင်း သိရပါတယ်။

AF 287


LEAVE A REPLY

Please enter your comment!
Please enter your name here