အနုပညာလောကအတွက် မူပိုင်ခွင့်ဥပဒေနဲ့ ခိုးကူးကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတဲ့ ရေနွေးကြမ်းစကားဝိုင်း

0
208

ဦးလွင်ကိုလတ် (NLD သံလျင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်)၊ အဆိုတော်အောင်ရင်၊ စာ ရေးဆရာ ဦးလှမျိုးထွန်း၊အဆိုတော် သားစိုး၊ အဆိုတော်ဘာဘူ၊ အဆို တော်ကြက်ဖတို့ ပါဝင်ဆွေးေ နွးခဲ့ ကြတဲ့ ရေနွေးကြမ်းစကားဝိုင်းကို ဒီဇင်ဘာလ ၁၆ရက်နေ့ မနက် ၁ဝ နာရီက ရန်ကုန်မြို့၊ဗိုလ်တစ်ထောင် မြို့နယ်ရှိ Orchid ဟိုတယ်မှာ ပြု လုပ်ခဲ့ပါတယ်။ သူတို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာကတော့ ၂ဝ၁၉ ခုနှစ်မှာ ဘာတွေလုပ်နိုင်လဲ၊ ဘာ တွေ မျှော်လင့်နေကြလဲ၊ ဘာတွေဖြစ် လာကြမလဲဆိုတဲ့ အကြောင်းအရာ တွေပဲဖြစ်ပါတယ်။အဆိုပါ ဆွေးနွေး ပွဲမှာတော့ ဂီတလောကနဲ့ပတ်သက် လို့ ခိုးကူးခွေပြသနာနဲ့ မူပိုင်ခွင့် ဥပဒေအကြောင်းကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။

”စီးပွားရေးက ပိုပိုကျပ်တည်း လာတယ်။ စိတ်ညစ်စရာတွေ ပိုများ လာတယ်။ လူတွေအတွက် ပျော်ရွှင် စရာလည်း ဘာမှမရှိဘူး။ အရင်တုန်း ကဆိုရင် စတိတ်ရှိုးတွေဘာတွေ လုပ် ရင် ကျွန်တော်တို့ ဂီတသမားတွေ လည်း စတိတ်ရှိုးတွေဘာတွေဆိုရ တယ်။ အခုဆိုရင် ရှိုးတွေလည်းမရှိ တော့ဘူး။ အခွေထွက်လိုက်တိုင်း လည်း ရှုံးတယ်။ အရေးကြီးတဲ့ Copy Right ကိစ္စကို အခုအချိန်အထိ လုပ် မပေးနိုင်ဘူး။ Copy Right မရှိ ဘူးဆိုရင် ဘာဖြစ်နိုင်လဲဆိုရင် ကျွန် တော်တို့ အနုပညာတွေ အကုန် တအားနစ်နာတယ်။ ကျွန်တော်ဆိုရင် သိန်းကို ထောင်နဲ့သောင်းချီပြီးချမ်းသာရမယ့် သူတစ်ယောက်ပေါ့။ အခု တစ်ပြားမှမရှိဘူး။ စီးပွားရေးတွေ လုပ်နေရတယ်။ ဘာဖြစ်လို့လည်း Copy Right မရှိလို့။ Copy Right မရှိရင် ကျွန်တော်တို့လူငယ်တွေ အတွက်လည်း ဒုက္ခရောက်တယ်။ ပြီးရင်ထပ်လာမယ့် လူငယ်မျိုး ဆက်အတွက်လည်း ဒုက္ခရောက် မယ်။ အခုဆိုရင် Application ခေတ်ရောက်လာပြီ။ ဘယ်ကလေးမှ ဗစစ ကို မထွင်ချင်တော့ဘူး။ ထွင် သမျှအကုန်ခိုးချမှာပဲလေ။ ဘာ ဖြစ်လို့လဲဆိုရင် Copy Right မရှိ လို့ပေါ့။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက်က Copy Right လည်း တအားအ ရေးကြီးသလို စီးပွားရေးလည်း တ အားအရေးကြီးပါတယ်။ အဲဒီနှစ်ခု ကိုတော့ ဘယ်အစိုးရပဲဖြစ်ဖြစ် လုပ် စေချင်ပါတယ်လို့ ကျွန်တော်အကြံပြု လိုပါတယ်”လို့ မူပိုင်ခွင့်နဲ့ပတ်သက် လို့ သားစိုးကရှင်းပြခဲ့ပါတယ်။

ဆက် လက်ပြီး အဆိုတော် ဘာဘူကလည်း အနုပညာလောက ကြုံတွေ့နေရတဲ့ ခိုးကူးခွေကိစ္စနဲ့ပတ်သက်လို့လည်း သူကဆွေးနွေးခဲ့တာကတော့. . .

”ကျွန်တော်တို့စီဒီခွေတွေထွက် ပြီးကတည်းက ကော်ပီကူးတဲ့စက်တွေပေါ်ပြီးကတည်းက ခိုးကူးတွေပေါ် လာပြီးတော့ ဂီတဈေးကွက်ကပျက် သွားတာကြာလှပါပြီ။ ကျွန်တော်က တော့ ခိုးကူးကိစ္စကို ပြဿနာလို့ မမြင်ဘူး။ ပြဿနာတစ်ခုရဲ့ ရလဒ် ပေါ့။ ပြဿနာက ဘာပြသနာလည်း ဆိုတော့ တစ်တိုင်းပြည်လုံးစည်းကမ်း မရှိတဲ့ပြဿနာပါ။ အဲဒီတော့ စည်း ကမ်းရှိ အောင်လုပ်လိုက်ရင် ခိုးကူး ကိစ္စက ပြီးသွားလိမ့်မယ်”လို့ ပြော ခဲ့ပါတယ်။

အဆိုပါနေ့အစည်းအဝေးမှာ တော့ အဆိုတော်အောင်ရင်က သားဖြစ်သူမိုးအောင်ရင်ကို ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ပတ်သက် လို့လည်း သူ့ရဲ့ခံစားချက်ကို ပြောပြ ဆွေးနွေးခဲ့ပါသေးတယ်။

လင်းအက္ခရာ

ဓါတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here