သားဖြစ်သူရဲ့ စကားကြောင့် ရင်ထဲစို့နင့်ခဲ့ရတဲ့ အောင်ရင်

0
208

မူးယစ်ဆေးဝါးမှုနဲ့ ထောင် ဒဏ် ၁၇ နှစ်ကျခံခဲ့ရတဲ့ သားဖြစ် သူ မိုးအောင်ရင်အတွက် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးစားပြီး အယူခံဝင်သွားမယ်လို့ အောင်ရင်က ပြောပါတယ်။ အယူခံဝင်တဲ့အခါ မှာလည်း တိုင်းတ ရားရုံးကနေ သေချာပြန်လည်စီစစ်ပြီး စဉ်းစား ဆုံးဖြတ်ပေးစေလိုပါကြောင်းအောင် ရင်ကပြောပါတယ်။ မိုးအောင်ရင် အနေနဲ့ လူငယ်ဘဝကို ပြစ်ဒဏ်ခံ ယူရင်း ကုန်ဆုံးရတော့မယ့် အခြေ အနေအတွက် ဖခင်ဖြစ်သူအောင် ရင်က နှမြောတသစွာနဲ့ ဝမ်းနည်း လျက်ရှိပါတယ်။

”ဒီအချိန်ဆိုတာက အလုပ် လုပ်မယ်ဆိုရင် အင်မတန်အလုပ် လုပ်လို့ ကောင်းတဲ့အချိန်၊ သူ လည်းနည်းနည်း နာမည်လေးရလာ တဲ့ အချိန်မှာ သူလည်းခံစားရမှာ ပေါ့လေ။ ကျွန်တော့်ခံစားချက်ထက် သူ့ခံစားချက်က ပိုမှာပါ” လို့ သား ဖြစ်သူနဲ့ပတ်သက်လို့ အောင်ရင်က ဝမ်းနည်းစကားဆိုပါတယ်။

အောင် ရင်နဲ့ မိုးအောင်ရင်တို့က အမေရိက ကို ဖျော်ဖြေရေးအနေနဲ့ သွား ရောက်ဖို့စီစဉ်ထားကြတာပါ။ သို့ပေ မယ့်လည်း ဒီလိုကိစ္စဖြစ်သွားပြီးတဲ့ အခါမှာတော့ ခရီးမထွက်နိုင်တော့ ပါဘူး။ မိုးအောင်ရင်နဲ့ပတ်သက်လို့ သူ့ရဲ့ မိသားစုနဲ့ထပ်တူ ပရိသတ် တွေကလည်း စိတ်မကောင်းဖြစ်ကြ ရပါတယ်။ စိတ်မကောင်းဖြစ်ကြရတဲ့ ပရိသတ်တွေကိုလည်း အောင်ရင်က…

”ကျွန်တော်တို့မိသားစုနဲ့အတူ လိုကွက် ကျွန်တော့်အနေနဲ့လည်း အဲဒီလိုမဖြစ်စေချင်ပါဘူး။ ကျွန်တော့် အနေနဲ့အားလုံးကို ပျော်စေချင်ပါ တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် လည်း မပျော်ရဘူး။ ကျွန်တော်လည်း မပျော်ရဘူးဆိုတော့ အဲဒီအတွက် လည်း ဝမ်းနည်းမိပါတယ်” လို့ ပြော ပါတယ်။
အောင်ရင်ကသားဖြစ်သူကို အမိန့်ချတဲ့နေ့မှာလည်း သွားရောက် တွေ့ဆုံခဲ့ပြီး သားဖြစ်သူကို မြင်တဲ့ အချိန်မှာ သူ့ရဲ့ရင်ထဲမှာလည်း စို့နင့် ခဲ့ရကြောင်း ပြောပြပါတယ်။

”စစချင်းအမိန့်ချတဲ့ အချိန် တုန်းကတော့ ကျွန်တော်လည်း ထို့ နင့်ပြီး ဘာပြောရမလည်း မသိဘူး။ သူကလည်း ကျွန်တော့်ကို အား ပေးတယ်။ အားမပေးခင်သူတစ်ချက်တော့ ပြောတယ်။ အဲဒါက သူ့စိတ်ထဲ မှာ ရှိတဲ့ဟာတစ်ချက်ပွင့်လာတယ်လို့ ထင်တာပဲ။ ဘာပြောလဲဆိုတော့ သားတဲ့ အဖေတစ်ယောက်ပဲ အား ကိုးစရာရှိတော့တယ်တဲ့။ အဲဒီလို ပြောပြီးတော့ ကျွန်တော်လည်း မျက် စိမျက်နှာ တော်တော်ပျက်နေတယ်နဲ့ တူပါတယ်။ သူကဘာမှမဖြစ်ပါဘူး တဲ့။ သားကသေသွားတာမှမဟုတ် တာဆိုပြီးပြောတယ်။ ကျွန်တော် လည်း ပြန်အားပေးဖြစ်တယ်။ အဖေ လည်း သက်ရှိထင်ရှားရှိသေးတယ်။ မင်းပြောသလိုပဲ မင်းလည်းသေသွားတာမဟုတ်ဘူး။ အဖေတို့ကိုယ်စွမ်း ရှိသလောက်ဥာဏ်စွမ်းရှိသလောက် အဖေတို့အယူခံကြိုးစားကြမယ်ဆိုပြီး ပြောဖြစ်တယ်” လို့ သားဖြစ်သူနဲ့ တွေ့ဆုံပြောဖြစ်ခဲ့သမျှကို အောင်ရင် ကပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here