ကိုယ့်လောကကို ပြန်မြင်တတ်အောင် ရုပ်ရှင်ဇာတ်ကားတိုင်း ကြည့်ရှုလေ့လာဖြစ်တယ် ထွန်းအိန္ဒြာဗို

0
208

အခုနောက်ပိုင်းမှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို သူ့ထက်ငါ အပြိုင်ကောင်းအောင် ရိုက်ကူးလာကြတဲ့အတွက် မြန်မာ့ရုပ်ရှင်လောကအတွက် အားတက်စရဖြစ်ရတယ်လို့ ဆိုသူက ထွန်းအိန္ဒြာဗိုပါ။ ထွန်းအိန္ဒြာဗိုကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့အခါတိုင်း ရုံမှာသွားရောက်အားပေးလေ့ရှိပါတယ်။ ကိုယ့်လောကကို လေ့လာတဲ့သဘောအနေနဲ့ ကြည့်ဖြစ်တယ်လို့ ဆိုတဲ့ ထွန်းအိန္ဒြာဗိုက…

“ကျွန်မအတတ်နိုင်ဆုံးတော့ အားတဲ့နေ့တွေရှိရင် သွားကြည့်ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊  ဆိုးသည်ဖြစ်စေ ကိုယ့်လောကမှာ တင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို ကိုယ်အားတဲ့ရက်တွေ တိုက်ဆိုင်ရင်ကြည့်ဖြစ်ပါတယ်။ နယ်တွေရောက်နေရင်တောင်မှ နယ်က ရုပ်ရှင်ရုံတွေမှာ ကြည့်ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတော့ ကိုယ့်လောကကိုယ်ပြန်မြင်တတ်အောင်လည်း ပါတယ်။ နောက်ပြီး ကိုယ်တိုင်လဲ သူငယ်ချင်းတွေနဲ့ ထုတ်လုပ်ရေး တည်ထောင်ထားတဲ့အတွက်ကြောင့် လေ့လာတာလဲ ပါပါတယ်။ တကယ်အားပေးချင်တာကြောင့်လဲ ပါပါတယ်။” လို့ပြောပါတယ်။

ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့အတူ ပူးပေါင်းတည်ထောင်ထားကြတဲ့ ခသုံးလုံးထုတ်လုပ်ရေးက အခုလက်ရှိမှာ ဝေါ်အိုက်နီ နဲ့ အောက်ဖဲမလှန်ကြေးနော် ဟာသရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီး ဒရမ်မာရုပ်ရှင်ဇာတ်ကားတွေ ထပ်ရိုက်ဖို့ တိုင်ပင်ညှိနှိုင်းနေကြပါတယ်။ ဒရမ်မာဇာတ်ကားကောင်းများရိုက်ကူးသွားမှာ ဖြစ်ကြောင်းကို တော့ ထွန်းအိန္ဒြာဗိုက… “တို့တွေတိုက်က ဒရမ်မာလေးတွေ စရိုက်ကြတော့မယ်ဆိုတဲ့အတွေး နဲ့ လိုအပ်တာလေးတွေတိုင်ပင်ကြတာပါ။ ဒရမ်မာဇာတ်ကားကောင်းကောင်း ၅ခုရထားတယ်။  ကိုခန့်က စိတ်ထဲမှာ တကယ်ကို မြန်မာမှုကို သေချာဖော်ကျူးတဲ့ မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်တွေပါတဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်မျိုးလဲ သူရိုက်ချင်တယ်။ ကျွန်မကျတော့လဲ ဒီဘက်ခေတ် ကျောင်းဆင်းလူငယ်တွေနဲ့ သွားတဲ့ သည်းထိပ်ရင်ဖိုဝတ္ထုမျိုး ရိုက်ချင်တယ်။ မခိုင်လေးကျတော့လဲ သူကိုယ်တိုင် ဘယ်လိုဒရမ်မာကို သရုပ်ဆောင်မယ်ဆိုတဲ့ ဇာတ်အိမ်ကောင်းကောင်းမျိုးကို ရိုက်ချင်တယ်။ မခိုင်လေးအနေနဲ့ကျတော့လဲ  ဒရမ်မာကို သေသေချာချာလုပ်နိုင်ပြီးတော့ ဒရမ်မာနဲ့ပဲ သူအကယ်ဒမီရထားတယ်။ ဒါပေမဲ့ ဈေးကွက်အနေအထားအရ ဟာသဆိုလဲ သူက ထိပ်ဆုံးရောက်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတော့ ပရိသတ်က သူ့ကို ဒရမ်မာမှာ မေ့နေမှာလဲ ကျွန်မတို့က စိုးရိမ်တယ်။ မခိုင်လေးအတွက် ဒရမ်မာကောင်းကောင်းလဲ ရိုက်ချင်တယ်။ မခိုင်လေးကိုယ်တိုင်လဲ ဆန္ဒရှိပါတယ်။ “ လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here