၂၀၁၈ ခုနှစ်အတွက် Shwe FM ကရရှိခဲ့တဲ့ ဆုနဲ့ ပရိသတ်ပေးတဲ့ဆု ထပ်ထူကျခဲ့ပါတယ် အဆိုတော် ကေကေမိုး

0
195

ပရိသတ်ချစ်ခင်အားပေးမူရရှိထားတဲ့ အဆိုတော် ကေကေမိုးကတော့ ပရိသတ်ပေးတဲ့ ဆုတစ်ခုဖြစ်တဲ့ ၂၀၁၈ ခုနှစ်အတွက် Shwe FM Facebook Page မှတစ်ဆင့် ပရိသတ်တောင်းဆိုမူအများဆုံး အမျိုးသမီတေးသံရှင်ဆုကို ကျွန်မ သီချင်းနဲ့ရရှိခဲ့ပါတယ်။ ပရိသတ်ရဲ့ အားပေးမှုအားနဲ့ ရရှိခဲ့တဲ့ အတွက် သူမရဲ့ ခံစားမူတစ်ချို့ကိုလည်း . . .

“ကေကေကတော့အရမ်းပျော်ပါတယ်။ အနယ်နယ် အရပ်ရပ်က ကေကေ့ကို ဒီသီချင်းလေးနဲ့ ဆုရစေချင်တဲ့ ပရိသတ်တွေလည်း ပျော်နေကြမယ်ထင်ပါတယ်။ ပရိသတ်တွေရစေချင်တဲ့ ဆုနဲ့ထပ်ထူကျတဲ့အတွက် အရမ်းလည်းပျော်တယ်။ ပီတီ ကတော့စားမကုန်ပါဘူး။ အနယ်နယ် အရပ်ရပ် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ပြောပြခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးကိုရောက်ရှိလာဖို့ သူမရဲ့ အနုပညာခရီးလမ်းဖြတ်သန်းမှုကိုလည်း အဆိုတော် ကေကေမိုး ကခုလိုပြောပြခဲ့ပါတယ်။

“စီးရီးခွေတစ်ခွေလုပ်ဖို့ ကျတော့ ငွေးရေးကြေးရေးအဓိကျတယ်။ ကေကေတို့က ကိုယ်တိုင်ကြိုးစားရတဲ့သူ ဖြစ်တယ်။ ကျောထောက်နောက်ခံလည်းမရှိဘူး ဆိုတော့ ဒီအခြေအနေရောက်လာဖို့အတွက် ပိုက်ဆံတွေစုရတယ်။ ပိုက်ဆံစုလို့ရမှ သီချင်းလုပ်လို့ရတာဆိုတော့ အချိန်တွေမကြာသင့်ဘဲကြာခဲ့ရတယ်။ အမှန်တိုင်းပြောရရင် အချိန်တွေလည် နှမျောတယ်။ အသက်တွေလည်း တဖြည်းဖြည်းကြီးလာတယ်။ ဒါပေမယ့်လည်း ကေကေးသီချင်းတွေထွက်ရင် အားပေးကြတယ်။ ပရိသတ်တွေအတွက် နောက်ထပ်လည်း သီချင်းတွေအများကြီးလုပ်သွားမှာပါ။” လို့ပြောပြခဲ့ပါတယ်။

သူမကတော့ လက်ရှိမှာ ဒုတိယမြောက်တေးစီးရီးထွက်ဖြစ်ဖို့လည်း ကြိုးစားနေသူပါ။ ခွေထွက်တဲ့ အဆိုတော်တွေအတွက် ငွေရေးကြေးရေးအရ အရူံးများနေတဲ့ ဒီလိုခေတ်ကာလမှာ တေးစီးရီးလုပ်ဖြစ်တဲ့အကြောင်းကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ . . .

“စီးရီးခွေထုတ်လိုက်ရင် ရူံးမယ်ဆိုတာသိတယ်။ ဒါပေမယ့်လည်း ကိုယ်က ဂီတကိုချစ်တယ် သီချင်းတွေကိုချစ်တယ်။ ကိုယ်အားကျရတဲ့ စီနီယာအကိုအစ်မတွေလို အရမ်းဖြစ်ချင်တယ်လေ။ ကြိုးလည်းကြိုးစားချင်တယ်။ လူတိုင်းမှာ ကြိုးစားပိုင်ခွင့်ရှိတယ်ပေါနော်။ အဓိကတော့ အနုပညာ ၀မ်းစာပြည့်ဝနေရမယ်။ ကေကေလည်း အနုပညာဝမ်းစာမပြည့်ဝသေးပါဘူး။ အများကြီးကြိုးစားဖို့လိုပါသေးတယ်။ အဲ့တာကြောင့်လည်း သီချင်းခွေထုတ်ဖြစ်တာပါ။” လို့လည် အဆိုတော် ကေကေမိုးကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here