ဒေါင်းအတွက် စိန်ခေါ်မှု ရှိခဲ့တဲ့ ဇာတ်ရုပ်

0
695

အနုပညာအလုပ်ကို တစ်ခုလုပ်တိုင်း သပ်သပ်ရပ်ရပ် သေသေချာချာနဲ့ ကောင်းမွန်စွာ အနုပညာအလုပ်ကို လုပ်နေတဲ့သူကတော့ သရုပ်ဆောင် ဒေါင်း ပဲဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှု ရွေးချယ်မှုတွေမှာ စနစ်တကျနဲ့ သူချစ်တဲ့ အနုပညာကို အကောင်းဆုံးဖြစ်အောင် ရှေ့ဆက်နေသူလည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဇန်နဝါရီလထဲမှာ ပြသမယ့် ‘လိပ်ပြာစံအိမ်’ဆိုတဲ့ ရုပ်ရှင် ကားကြီးမှာလည်း ဓာတ်ပုံဆရာ ကာရိုက်တာအနေနဲ့ ပါဝင်ပြီး ပရိသတ် တွေ စိတ်အကြိုက်နဲ့လည်း ထပ်တူကျအောင် ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။

လိပ်ပြာစံအိမ် ရုပ်ရှင် ကားကြီး လက်ခံဖြစ်ပုံနဲ့ ကြိုတင်ပြင် ဆင်မှုတွေကို မေးကြည့်တဲ့အခါမှာတော့ ဒေါင်းက…

”ဒီကားရိုက်ကူးခဲ့ ဖြစ်တာက အဲဒီကာရိုက် တာကို ကျွန်တော်သရုပ်ဆောင်ချင်လို့ပါ။ သရုပ်ဆောင်ချင်လို့ဆိုတာ ကျွန်တော့်အတွက် အများကြီးစိန်ခေါ်မှုရှိတယ်။ ကျွန်တော် အများ ကြီး ပြောင်းလဲမှာဖြစ်တဲ့အတွက် အဲဒါကို ထိတွေ့ချင်တယ်။ အဲဒီအတွက် ကျွန်တော် ဒီဇာတ်ကားကို လက်ခံလိုက်တာပါ။ ဒီကားထဲမှာ စိတ်နှစ်ထား တာကတော့ ဒီကာရိုက်တာကို အရင်သိအောင် ကြိုးစား တယ်။ ဒီကာရိုက်တာက ဘယ်လို ပုံစံမျိုးလဲ။ နောက်သူ့ရဲ့နောက်ကွယ်က သူ့ရဲ့ဘဝဖြတ်သန်းမှုက ဘယ်လိုမျိုး လဲဆိုတာကို ဒါရိုက်တာက ပြောပြတယ်။ အဲဒီနောက်ကွယ်အကြောင်း အရာက ကျွန်တော့်ဆီမှာရှိပြီဆိုမှ ဒီအချိန်တွေမှာ ဒီလိုဖြတ်သွားတဲ့ အဖြစ်အပျက်ကို ကျွန်တော်ဖမ်းဆုပ်လို့ရမှာပေါ့နော်။ ပြီးတော့ ဒီထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးတဲ့ အချိန်မှာလည်း သူတို့ရဲ့အမြင်၊ ခံယူချက်၊ သူတို့ရဲ့ဇာတ်လမ်းပေါ်မှာ သူတို့ရိုက်နေကျပုံစံနဲ့ ကျွန်တော်တို့ ရိုက်နေကျပုံစံနဲ့မတူဘူး။ ဥပမာ ကျွန်တော် ဒါရိုက်တာက ထိုင်းကို ရိုက်မယ်ဆိုရင် ကျွန်တော်တို့ ပုံစံဖြစ်မှာပဲ။ ဒါဟာ ဘာလို့လဲဆိုရင် ကျွန်တော်တို့ လုပ် နေကျမို့လို့သာ။ အဲဒီလိုမျိုးပဲ ဒီဇာတ် ကားကလည်း နောက်ထပ်အသစ်တစ် ခုထွက်လာမယ်လို့ ယုံကြည်တယ်။ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမယ်လို့လည်း ယုံကြည်ပါ တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here