ဖခင်ဖြစ်သူအမှတ်တရပွဲမှာ သီချင်းဆိုမယ့် ခိုင်ထူးမျိုးဆက် ဆိုင်းလင်းထူး

0
246

‘တေးမြုံငှက် အိမ်အလွမ်း’ ခိုင်ထူးအမှတ်တရသီချင်းများ ဂီတဖျော်ဖြေပွဲမှာ ခိုင်ထူးရဲ့ သားဖြစ်သူ ဆိုင်းလင်းထူးလည်း ပါဝင်သီဆိုဖျော်ဖြေမယ်လို့သိရပါတယ်။ ဖခင်ဖြစ်သူဈာပနတုန်းက တစ်ခါပြန်လာဖြစ်တဲ့ ဆိုင်းလင်းထူးက ဆွီဒင်နိုင်ငံမှာ ကျောင်းတက်နေသူဖြစ်ပါတယ်။ ဆွီဒင်မှာနေတာ ၁၁နှစ်ရှိပြီဖြစ်တဲ့ ဆိုင်းလင်းထူးက . . . “ဒီပွဲအတွက်ကိုရော၊ အဘိုးအဘွားတွေနဲ့တွေ့ဖို့အတွက်ကိုရော ပြန်လာတာပါခင်ဗျ။ ပြောရမယ်ဆိုလို့ရှိရင် အဖေ့အတွက်ဆိုချင်တယ်။ အဖေ့ရဲ့ ပရိသတ်တွေအတွက် နောက်ဆုံးအနေနဲ့ သူ့သားတစ်ယောက်အနေနဲ့ ဆိုဖြစ်တာပါ။ ပရိသတ်တွေအကုန်လုံးကို ကျွန်တော်လေးလေးစားစားနဲ့ ဖိတ်ခေါ်ပါတယ်။ လာရောက်ကြည့်ရှုစေချင်ပါတယ်။ အများကြီးလည်းကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ ဖခင်ဖြစ်သူရဲ့ သီချင်းတွေထဲမှာ အကြိုက်ဆုံးသီချင်းကိုတော့ . . .

“နားထောင်ဖြစ်ပါတယ်။ ကျွန်တော့်အကြိုက်ဆုံးသီချင်းတွေကတော့ ‘ခေတ္တာ’ နဲ့ ‘ရွှေလည်တိုင်’ ဖြစ်ပါတယ်” လို့ ဆိုင်းလင်းထူးကပြောပါတယ်။ ဆွီဒင်မှာနေထိုင်ရင်း ကျောင်းတက်နေတဲ့အကြောင်းကိုတော့ . . . “ကျွန်တော်က အဓိကက ဟိုမှာ Website Design ကျောင်းတက်တယ်။ ဒီနှစ်က နောက်ဆုံးနှစ်ဆိုတော့ နောက်နှစ်ဆိုလို့ရှိရင် လေယာဉ်ကျောင်းတက်ဖို့ စဉ်းစားထားပါတယ်ခင်ဗျ။ အဲဒါကတော့ မစဉ်းစားရသေးဘူး။ ကျောင်းပြီးတော့မှပဲ ဟိုမှာနေမလား၊ ဒီမှာပြန်လာမလားဆိုတာကိုလေ” လို့ ဆိုင်းလင်းထူးကပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here